Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.မ.က ထန်းပင်ချောင်ကျောင်းစားသုံးသူ အသိပညာပေးဟောပြောခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က ထန်းပင်ချောင်ကျောင်းတွင် ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ (၂၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်နှင့် စားသုံးသူများရရှိနိုင်သည့် စားသုံးသူ၏ အခွင့်အရေးများနှင့် စားသုံးသူများ ပစ္စည်းဝယ်ယူသုံးစွဲရာတွင် မည်သည့်တို့ကိုကြည်၍ ဝယ်ယူရမည်ကို ကျောင်းသား/ကျောင်းသူများ နည်းလည်သဘောပေါက် လွယ်အောင် ရှင်းလင်းပြောကြား၍ လက်ကမ်းစာဆောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရန်ကင်းမြို့နယ်၊ ရန်ကင်းဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ရန်ကင်း မြို့နယ်၊ ရန်ကင်းဈေးသို့(၁၀-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင်သွားရောက် ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ရန်ကင်းဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချ လျက်ရှိသော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေ သောဈေးနှုန်းများကောက်ခံခြင်း၊ ကုန်ပစ္စည်းများကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိကိုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံစွာဖော်ပြပါ ရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   (၁၀. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)၊ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) ဝန်ထမ်း(၂)ဦးသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ One Stop  Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်း သည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပ စ္စည်းကန့်သတ်ရောင်းချ ခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ကုန်ပစ္စည်းများသိုလှောင်ခြင်း ၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကို သက်ဆိုင်ရာအဖွဲ့များဖြင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန် )

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၀-၉-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်း(အမ်တီယုဇနမရိန်းအေ့စ်) သင်္ဘောရေယာဉ်အား အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်၍ ရေယာဉ်များ တွင် တင်ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများ နှင့် တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။  

DOCA (ရန်ကုန်)

ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတာဝန်ရှိသူများအား အသိပညာပေးခြင်းဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ (၁၅.၈.၂၀၂၅) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင်ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘိုကုန်းရပ်ရှိ ဝန်ထမ်းအိမ်ယာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ တာဝန်ရှိသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများ အသိပညာပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ဆန်ဈေးနှုန်းများ ကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချ မှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၁.၉.၂၀၂၅)ရက်နေ့ တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွမ်းသီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည်သီရိရွှေသာဈေး ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊  ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သီရိရွှေသာဈေးရှိ ကွမ်းသီးအရောင်းဆိုင်များ၌ ကွမ်းသီးများမှိုမတက်စေရေး၊ လတ်ဆက်သော ကွမ်းသီး များသာရောင်းချစေရေး၊ ဆိုးဆေးပါဝင်သည့်ကွမ်းသီးများအစား ဆိုးဆေးမပါဝင်သည့် ကွမ်းသီးများအား အစားထိုးရောင်းချစေရေးတို့ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ မိတ္ထီလာမြို့နယ်တွင် ပင်ကီ Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အောင်ဇေယျာ (၁၆) ရပ်ကွက်ရှိ ပင်ကီတိရစ္ဆာန်နှင့် တိရိစ္ဆာန်မွေးမြူးရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားပြုလုပ်ခြင်း

    ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်၌ ပုသိမ်မြို့ ဂန္ဓမာခန်း တွင် ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း  ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။

    ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက စားအုန်းဆီဖြန့်ခွဲမှု ကိစ္စများ ပိုမိုအဆင်ပြေလွယ်ကူစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း  ပြန်လည်ဖွဲ့စည်းခြင်းကိစ္စနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးက အသင်းပြန်လည် ဖွဲ့စည်းမည့် ကိစ္စများကို အသင်းဝင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ရွေးချယ်တင်မြောက်မှုတွင် တက်ရောက်လာသည့်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂၀၀) ဦးမှ မြို့နယ်အလိုက် အဆိုပြုရွေးချယ်တင်သွင်းသူ (၁၅၇) ဦးအနက် မြို့နယ် အလိုက် (၂၆) ဦးနှင့် မဲအများဆုံးရရှိသူ (၂၉) ဦး ၊ စုစုပေါင်း (၅၅) ဦးတို့အား အလုပ်အမှုအဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး (၅၅) ဦးအနက် (၃၁) ဦးအား ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး (၃၁) ဦးအနက်မှ စီမံခန့်ခွဲရေးကော်မတီ (၁၀) ဦးအား ရွေးချယ်တင်မြောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌအဖြစ် ဦးဖြိုးညီအောင်မှ မဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဧရာဝတီ (DOCA)

“မိတ္ထီလာမြို့နယ်အတွင်းရှိ ကောင်းထက်စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း”

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မကျီးကုန်းကွက်သစ်၊ မဟာကျော်လမ်းအတွင်းတွင် ရောင်းချနေသော “ကောင်းထက်” အမှတ်တံဆိပ်စားသောက်ကုန်လုပ်ငန်းတွင် လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ဒေါ်ချောစုထွေးမှ စားသောက်ကုန်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက်ရှိစေ ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ