Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်တို့၏ ဈေးများရှိ စားအုန်း ဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိုတွေ့ရှိရပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ပေးရန် ဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

ဈေးကွက်အတွင်း စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သက်ဆိုင်ရာဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဆိုင်ကြီးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိ

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေဘဲ အလွယ်တကူဝယ်ယူရရှိစေရေးအတွက် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ခိုင်သဇင်၊ ဦးထက်မောင်ဆိုင်များ၌ xcite, Jumbo, Wah-Wah, mameeနှင့် Yum Yum အမှတ်တံဆိပ်ပါ ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားကြောင်း၊ ထောက်ခံချက်များပါဝင်ကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

မကွေးမြို့၊ ရန်ကင်းစျေး၌ တရားမဝင်တင်သွင်းလာသော စားဆီများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

MSME ချေးငွေစိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့အစည်းအဝေးကျင်းပရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးမြှင့်တင်နိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထူးကြိုစားဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာတိုင်းခရိုင်၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် စိုက်ပျိုးတောင်သူစုစုပေါင်း (၇၀)ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါသည်။ DOCA(ရန်ကုန်)

မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုအစည်းအဝေးကျင်းပ

(၉-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းအစည်းအဝေးနှင့် စုပေါင်းသံဃာမဟာပဝါရဏာပြုပွဲကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးမှူးက စီမံကိန်းလုပ်ဆောင်နေသော ဌာနဆိုင်ရာများကို လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်အခြေအနေများအား ၂၅-၁၀-၂၀၂၄ ရက်နေ့အရောက် အမြန်ဆုံးတင်ပြရန် ဆွေးနွေးပြီး ကျန်ဌာနများနှင့်လည်း အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ (၅၀)ဦးခန့်တက်ရောက်၍ နံနက်(၁၁:၃၀)နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။ DOCA(ရန်ကုန်)

ချောက်မြို့မဈေး၌ ပလတ်စတစ်လျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

မ‌ကွေးမြို့၊ ရန်ပယ်စျေး၌ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ