Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဗန်းမော်မြို့တွင်း၌ ပေါင်မုန့်ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၂၁.၉.၂၀၂၃ ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူး၌ ဗန်းမော်မြို့တွင်းရှိ ပေါင်မုန့်ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်    တာဝန်ရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိူးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကိုထုတ်လုပ်ခြင်း ၊ရောင်းချခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့နယ်၌ ရိတ်သိမ်းခြွေလှေ့စက် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၂၁.၉.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာအတွင်းရှိ ရိတ်သိမ်းခြွေလှေ့စက် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကို ဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊  ကုန်စည်  သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊  ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ဝန်ဆောင်မှုအချက်အလက်များကို  စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း ၊စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့်ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းတို့ကို လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

         

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၀.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် လပွတ္တာမြို့၊ မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆိုင်(၃)ဆိုင်ရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်အနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၀.၉.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့တွင်းစားအုန်းဆီ ဈေးကားဖြင့်ရောင်းချမှုကြီးကြပ်

       ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ပုသိမ်မြို့ တစ်ဖက်ကမ်း လင်းဝင်းကြီးကျေးရွာအုပ်စု ကွက်ပြင်ကြီးကျေးရွာရှိ လူဦးရေ ၄၄၀ ဦးအတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀ဝိ/- ကျပ်နှုန်းဖြင့် စားအုန်းဆီ ၂၂၀ ပိဿာ အား  ဈေးကားဖြင့် ရောင်းချပေးခဲ့ပြီး မွန်းလွဲပိုင်းတွင်် ပုသိမ်မြို့ အမှတ် (၉) နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူ ၄၄၀ ဦး အား  စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀ဝိ/ ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ ၂၂၀ အခြေခံရည်ညွှန်းဈေးဖြင့်  ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဒေသတွင်း ထုတ်ကုန်ပစ္စည်းများ သုတေသနနှင့်ဈေးကွက်သုတေသန ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ သုတေသနှင့် ဈေးကွက်သုတေသနကော်မတီကို တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ဆက်စပ်ဌာနများ အသင်းအဖွဲ့များ ပညာရပ်ကျွမ်းကျင်သူများနှင့်ဖွဲ့စည်းခဲ့ပါသည်၊၊

    အဆိုပါအဖွဲ့၏လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျင်းပပြုလုပ်ရာ ဒေသတွင်းထုတ်ကုန်ပစ္စည်းတွေကို ဒေသတွင်း အရင်းအမြစ်များနှင့် အပြည့်အဝ ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတကာ ဈေးကွက်ဝင်အရည်အသွေးရှိနေစေရေး ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ နည်းစနစ်များ၊ နည်းပညာများကို တီထွင်ဆန်းသစ်နိုင်ရေးစသည့် ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်လိုအပ်ချက် ၊ ဈေးကွက်အပြောင်းအလဲ ၊ ‌ဈေးကွက်လားရာများကို သုတေသနပြုပြီး ဒေသတွင်း၊ ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ထုတ်ကုန် ပစ္စည်းအရည်အသွေး မြင့်မားတိုးတက်လာရန်နှင့် ခိုင်မာသည့်ဈေးကွက် ဖြစ်ပေါ်လာရန်အတွက် ဝိုင်းဝန်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်( ၃ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူ၊ ဆရာ/ ဆရာမစုစုပေါင်း (၃၉၄)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း  အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)က ကျောင်းသား / ကျောင်းသူများအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer Call Center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများအား ဖြန့်ဝေပေးအပ်၍ ဗွီနိုင်းကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းပါ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးသည် ၂၀.၉.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ ခိုကျင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် စားသုံးသူပြည်သူ (၃၆)ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ ၊ မိမိဌာနမှ ယခုလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသောအစားအသောက်များကိုသာ ဝယ်ယူစားသောက်ကြရန်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ရန်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင် တိုင်ကြားနိုင်ကြောင်း၊ Doca Myanmar application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် ၁၅၃၅ တွင် တိုင်ကြား နိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် စားသုံးသူပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ကချင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊      ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ     ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၂.၉.၂၀၂၃ ရက်နေ့တွင်  ဗန်းမော်ခရိုင်  ဦးစီးမှူးရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ စားသုံးဆီဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန် ၊စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဥ်း၍ စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက်  သင့်လျော်မှုရှိခြင်းစသည့်အာမခံချက်များကို ပေးအပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဗန်းမော်မြို့၊ ဆန်စပါးကုန်သည်များအသင်းရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၁.၉.၂၀၂၃ရက်နေ့တွင် ဗန်းမော်မြို့ ဆန်၊စပါး ကုန်သည်များအသင်းရုံးတွင် ဆန်၊ပဲ၊ပြောင်း၊နှမ်းရောင်းဝယ်သည့်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ ၊ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖေါ်ပြရမည့်အာမခံချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်လင်းပြောကြားဆွေးနွေးခဲ့ပါသည်။ထို့နောက် ဆန်၊ပဲ၊ပြောင်း၊နှမ်းရောင်းဝယ်သည့်စီပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ