Main menu

HighLight News

Powered by Drupal

ဇယမ်းဝင်းစားသောက်ကုန်ပစ္စည်းလုပ်ငန်းအား Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေး

             ( ၁၈.၈.၂၀၂၅ ) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်အတွင်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် လုပ်ငန်းရှင်များနှင့် ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

             စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော် ငြာစာအမှတ် ( ၅၁/၂၀၂၃ ) ပါ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ အခွင့်အရေးများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့၊ စည်ပင်ဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေး

              ( ၁၁.၈.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း ဟုမ္မလင်းမြို့ပေါ်ရှိ၊ စည်ပင်ဈေးအတွင်း ရောင်းချနေသည့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်ဈေးအတွင်းရောင်းချနေသည့် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုရန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“တက်နေဝင်း”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၁၉.၈.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ “တက်နေဝင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် လက်ဖက်နှင့်ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ပင်လုံဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် (၂၀.၈.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပင်လုံဈေးသို့ စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ပင်လုံဈေး အမှတ်(၁၉၀၀)၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၆) ရပ်ကွက်ရှိ ဦးမောင်ကျော်ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းသည် အောင်ဦးသာကုမ္ပဏီမှ ရရှိ ပြီး စားသုံးသူပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း၊ အများမြင်သာအောင် Vinyl များလည်းချိတ်ဆွဲထားပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဒေါ်ကျင်စိန်ဆိုင်သို့ စားအုန်းဆီလက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

          (၂၀.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ပင်လုံဈေးတွင် စားအုန်းဆီလက်လီရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်(၂)ဦးတို့ ပါဝင်လျက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံပါ ပူးပေါင်းပါဝင်လျက် ရုံ(၇)၊ အမှတ်(၅)၊ ပင်လုံဈေးရှိ ဒေါ်ကျင်စိန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပြီး စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင်(၂)ပိဿာ(၅၀)သား ရရှိကြပြီး နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စည်းကမ်းတကျဂရုစိုက်ဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဒေါ်စန္ဒာဝင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး ဆီလုပ်ငန်းရှင်များအသင်းမှ (၂)ဦး ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၂၀)ဈေးအတွင်း စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(ဃ)၊ အခန်း(၂၂)၊ အမှတ်(၂၀)ဈေး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ဒေါ်စန္ဒာဝင်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည်ရရှိသောခွဲတမ်းများကို ရပ်ကွက်နေပြည်သူများသို့ စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက်ခွဲထား ပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီမှ (၅)နာရီထိ ရောင်းပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကိုလည်း နောက်နေ့တွင် ပြန်လည် ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံလယ်ဂျာများလည်းထားရှိပြီး နေ့စဉ်ကုန်အောင် ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးတွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးပါ(၃)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်(၂)ဦး၊ ဈေးတာဝန်ခံတို့ပူးပေါင်းပါဝင်လျက် (၂၀.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကုန်းဈေးရှိ ဒေါ်တင်ကြည်စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ရောက်ရှိခဲ့ရာ မိမိသည်သံသာကုမ္ပဏီမှ ရရှိသောခွဲတမ်းအား သတ်မှတ်ဈေးနှုန်း အပေါ်(၂%) အမြတ်တင်၍ ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများ သုံး၍ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၌ အသိပညာပေးဆွေးနွေးဟောပြောခြင်း

          (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၉၄)၊ ကာယ(၅) လမ်း၊ မင်္ဂလာဒုံ မြို့နယ်ရှိ Nautral Power Organic Fertilizer စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများအရောင်းဆိုင်သို့  အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောခဲ့ရာတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်/ အားသာချက်များကိုလည်းကောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုးရလဒ်များကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ (၃)ဦးတက်ရောက်ကာ (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အသင့်သောက်အချိုရည်အမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေး အရာရှိ) နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေကျော်   City Mart တွင် ၂၀.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရေကျော် City Mart ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကေကေဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာ ရေး)သည် ၁၉.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်စုံဈေး၊ ကေကေဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကေကေဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေ ရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News