Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၄)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသော ဆေးများရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ရောင်းချနေသော အိမ်သုံးဆေး အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများ လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော သူဌေးမင်း၊Goodဆီသန့်စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)နာရီ ကလပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊နန္ဒဝန်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော သူဌေးမင်း၊  Good ဆီသန့်စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်နန္ဒဝန်ဈေးအတွင်း ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောGood၊ သူဌေးမင်းဆီသန့်စားသုံးဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော  duck, Goody ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၅)ရက်၊ နေ့လယ် (၁၂း၀၀)နာရီ ဝါးခယ်မမြို့နယ်အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော duck,goody မေစင် ဆီသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော duck, Goody မေစင်ဆီသန့်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ် ပဲနှမ်းအသင်းနှင့် တွေ့ဆုံခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည် (၉.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးခန်းမတွင်  ပဲ/နှမ်း ကုန်သည်များအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆွေးနွေးခဲ့ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြီး မြို့နယ်တွင်း ပဲ၊ နှမ်းထွက်ရှိမှုအခြေအနေများကိုမေးမြန်းခဲ့သည်။  အသင်းအဖွဲ့ဝင်က  မြို့နယ်ကအသင်းအနေဖြင့် ဒေသတွင်းထွက်ရှိသော မတ်ပဲများကို အဓိကထားဝယ်ယူပြီး ရန်ကုန်တင်ပို့မှုအခြေအနေများကို ဆွေးနွေးခြင်း၊ ကုန်ပစ္စည်းအရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းမှန်ကန်စေရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကြောင်း၊ အသင်းအဖွဲ့ဝင်အားလုံးမှာလည်း မိမိတို့မြို့နယ်တွင် လုပ်ငန်းရှင်သန်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်းဖွံ့ဖြိုးမှုအခြေအနေများကို ပိုမိုတိုးတက်လာနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

MITS, MRF, DOCA & DOTအဖွဲ့များ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုနှင့်စပ်လျဉ်း၍ ညောင်တုန်းမြို့နယ်ဆန်/ ဆန်ကွဲသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

         ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် အမှတ် (၃၄၉)၊ အရွဲကျေးရွာ၊ညောင်တုန်းမြို့နယ်။ (၁၉ - မိုင်) Golden Lake Import & Export Co.,Ltd Myanmar Broken Rice B 1:2 (Sortexed) 1040 MTသို့  ဆန်/ ဆန်ကွဲ သိုလှောင်ထားရျိမှု အခြေအနေများကို MITS, MRF, DOCA & DOTအဖွဲ့များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရန်ဆောင်ရွက်ပြီး Myro တွင် ၂၀၂၄ ဇွန်လက သက်တမ်းတစ်နှစ် များပြည့်မြှောက်ပြီးမှုရှိ/မရှိကို စစ်ဆေးပြီး နှစ်ပြည့်ပါက သက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ညောင်တုန်းဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်လိုင်စင်ပြင် ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြ လျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ပသို့တင်ပိုရန် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိမှု မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းကို ညောင်တုန်း၊ ဓနုဖြူ မြို့နယ် ကိုယ်စားလှယ်များ တက်ရောက်

              (၁၄.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ ညောင်တုန်း မြို့နယ်မှ(၇၅)ဦးနှင့် ဓနုဖြူမြို့နယ်မှ(၃၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

             သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အဖွဲ့အမှာစကားပြောကြားခဲ့ပြီး စားသုံးသူလက်ဝယ်အရောက် ဆီရောင်းချခွင့်လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် လေ့လာမှတ်သားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြား အခွင့်အရေးထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်၍ သင်ကြားပို့ချ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကုမ္ပဏီမှ မြို့နယ်ဆီလက်ကား ကိုယ်စားလှယ်များမှ EOS(Softwareဖြင့် ဆီရောင်းချခွင့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လက်ကားဆိုင်များမှ လက်လီဆိုင်များကို ဆီရော်ငးချခွင့်လုပ်ငန်းအဆင့်ဆင့်၊ လက်လီဆိုင်များမှ အထောင်စု  မိသားစုများ လစဉ် ဆီထုတ်ယူခွင့် လုပ်ငန်းအဆင့်ဆင့်ကို Power Pointဖြင့် ချပြရှင်းလင်းခဲ့ပြီး MCBဘဏ်၏ CTIZEN Payတို့ဖြင့် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်မျာစးကို သင်တန်းသူ/သားများအား ဖွင့်လှစ်ပြီး အကောင့်ဖွင့် ဆောင်ရွက်ခဲ့ပြီးနေ့လည် (၁၄၀၀)နာရီတွင် သင်တန်းပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) မအူပင်မြို့နယ်တွင် ကျင်းအပြီးစီး

            (၁၂.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ မအူပင်မြို့နယ်မှ(၂၇)ဦးနှင့် ပန်းတနော်မြို့နယ်မှ(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

         အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းက ဆီရောင်းချသည့် လက်လီ ကိုယ်စား လှယ်များကို ဆီရောင်းချခွင့် EOS(Software) ကို အသုံးပြုရာတွင်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးကို သေချာလေ့လာ မှတ်သားကြပြီး မရှင်းလင်းသည်များကို မေးမြန်းကြရန်၊ စားသုံးသူများအခွင့်အရေး အပြည့်အဝရှိသည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် လွဲချော်မှုများ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆီလက်ကားကိုယ်စားလှယ်မှ ဆီလက်လီ ကိုယ်စားလှယ်သို့ ဆီပေပါရောင်းချခွင့် အဆင့်ဆင့်နှင့် ဆီလက်လီကိုယ်စားလှယ်မှ စားသုံးသူပြည်သူများ ဆီထုတ်ယူခွင့် ရရှိနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို MCBဘဏ်၏ CTIZEN Payတို့ဖြင့် ပူးပေါင်း၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (မအူပင်) ၂၀၂၅-၂၀၂၈ သက်တမ်းကာလ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပပြုလုပ်

          မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ မအူပင်မြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှု ဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မအူပင် ဆန်စက်ပိုင်ရှင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

           အမှုဆောင်ရွေးချယ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များဖြင့်ပူးပေါင်း၍ အမှုဆောင်ရွေးချယ်ရေး လုပ်ငန်းကော်မတီကို ၅ဦးကော်မတီဖြင့် ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အသစ်များကို တိုင်းအသင်းကိုယ်စားလှယ်များ မြို့နယ်အသင်း နာယကကြီးများကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက အသင်းဖွဲ့စည်းပြီးမှုအခြေအနေများကို တိုင်းဒေသကြီးသို့ ဆက်လင်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်း၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် အသင်းအစု၊ အဖွဲ့များ ရှင်သန်အားကောင်းစေရေး ဒေသတွင်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် အသင်းများမှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရွေးချယ်ပွဲ ပြုလုပ်ကျင်းပ

            မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)ညောင်တုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိမ်းလဲ့မြေဆန်စက်ပိုင်ရှင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရေါဂချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အပြင် ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့များ အားကောင်းစေရန်လိုအပ်ကြောင်း၊ ပြည်တွင်ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်စေရန်လိုအပ်ကြောင်း၊ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အရေးပါသော အသင်းအဖွဲ့၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိရေး အရေးပါသော အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောာကြားဆွေးနွေးခဲ့ပြီး အမှုဆောင်အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရါက်ခဲ့ကြသည်။

               မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည်စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၅ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားကုန်ပစ္စည်းများဇူလိုင်လဆန်းပိုင်းတွင်ဖြစ်ပေါ် နေသည့်ဈေးနှုန်းအခြေအနေမြေပြင်ကွင်းဆင်းစစ်ဆေး ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားကုန် ပစ္စည်းအရောင်းဆိုင်များသို့ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ်(ခ) ဦးကိုလေး ကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မူ၊ ဒေါ်မွှေးကြူ၊ မိဘရိပ် ဆန်ဆိုင်၊ မြို့မဈေး အပြင်တန်းရှိ ဒေါ်လုံးလုံး၊ ဦးချမ်းသာကြီးဆန်ဆိုင်၊ ဦးတင့်ဆွေဦး၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်မျိုးမျိုးဝင်း ရေချိုရေငံ ငါးပုဇွန် အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက် ဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက် ကုန်စိမ်းဆိုင်တို့တွင် ဇူလိုင်လဆန်းနှင့် ဇူလိုင်လ အလယ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအခြေအနေတို့မှာ သိသိသာသာ ကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်းမှာလည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News