Main menu

HighLight News

Powered by Drupal

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းကို ညောင်တုန်း၊ ဓနုဖြူ မြို့နယ် ကိုယ်စားလှယ်များ တက်ရောက်

              (၁၄.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ ညောင်တုန်း မြို့နယ်မှ(၇၅)ဦးနှင့် ဓနုဖြူမြို့နယ်မှ(၃၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

             သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အဖွဲ့အမှာစကားပြောကြားခဲ့ပြီး စားသုံးသူလက်ဝယ်အရောက် ဆီရောင်းချခွင့်လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် လေ့လာမှတ်သားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြား အခွင့်အရေးထိခိုက်နစ်နာမှု မရှိစေရန် ရည်ရွယ်၍ သင်ကြားပို့ချ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကုမ္ပဏီမှ မြို့နယ်ဆီလက်ကား ကိုယ်စားလှယ်များမှ EOS(Softwareဖြင့် ဆီရောင်းချခွင့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လက်ကားဆိုင်များမှ လက်လီဆိုင်များကို ဆီရော်ငးချခွင့်လုပ်ငန်းအဆင့်ဆင့်၊ လက်လီဆိုင်များမှ အထောင်စု  မိသားစုများ လစဉ် ဆီထုတ်ယူခွင့် လုပ်ငန်းအဆင့်ဆင့်ကို Power Pointဖြင့် ချပြရှင်းလင်းခဲ့ပြီး MCBဘဏ်၏ CTIZEN Payတို့ဖြင့် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်မျာစးကို သင်တန်းသူ/သားများအား ဖွင့်လှစ်ပြီး အကောင့်ဖွင့် ဆောင်ရွက်ခဲ့ပြီးနေ့လည် (၁၄၀၀)နာရီတွင် သင်တန်းပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ လက်လီ/လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) မအူပင်မြို့နယ်တွင် ကျင်းအပြီးစီး

            (၁၂.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ မအူပင်မြို့နယ်မှ(၂၇)ဦးနှင့် ပန်းတနော်မြို့နယ်မှ(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

         အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းက ဆီရောင်းချသည့် လက်လီ ကိုယ်စား လှယ်များကို ဆီရောင်းချခွင့် EOS(Software) ကို အသုံးပြုရာတွင်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးကို သေချာလေ့လာ မှတ်သားကြပြီး မရှင်းလင်းသည်များကို မေးမြန်းကြရန်၊ စားသုံးသူများအခွင့်အရေး အပြည့်အဝရှိသည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် လွဲချော်မှုများ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆီလက်ကားကိုယ်စားလှယ်မှ ဆီလက်လီ ကိုယ်စားလှယ်သို့ ဆီပေပါရောင်းချခွင့် အဆင့်ဆင့်နှင့် ဆီလက်လီကိုယ်စားလှယ်မှ စားသုံးသူပြည်သူများ ဆီထုတ်ယူခွင့် ရရှိနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို MCBဘဏ်၏ CTIZEN Payတို့ဖြင့် ပူးပေါင်း၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (မအူပင်) ၂၀၂၅-၂၀၂၈ သက်တမ်းကာလ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပပြုလုပ်

          မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ မအူပင်မြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှု ဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မအူပင် ဆန်စက်ပိုင်ရှင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

           အမှုဆောင်ရွေးချယ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များဖြင့်ပူးပေါင်း၍ အမှုဆောင်ရွေးချယ်ရေး လုပ်ငန်းကော်မတီကို ၅ဦးကော်မတီဖြင့် ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အသစ်များကို တိုင်းအသင်းကိုယ်စားလှယ်များ မြို့နယ်အသင်း နာယကကြီးများကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက အသင်းဖွဲ့စည်းပြီးမှုအခြေအနေများကို တိုင်းဒေသကြီးသို့ ဆက်လင်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်း၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် အသင်းအစု၊ အဖွဲ့များ ရှင်သန်အားကောင်းစေရေး ဒေသတွင်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် အသင်းများမှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရွေးချယ်ပွဲ ပြုလုပ်ကျင်းပ

            မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)ညောင်တုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိမ်းလဲ့မြေဆန်စက်ပိုင်ရှင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရေါဂချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အပြင် ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့များ အားကောင်းစေရန်လိုအပ်ကြောင်း၊ ပြည်တွင်ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်စေရန်လိုအပ်ကြောင်း၊ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အရေးပါသော အသင်းအဖွဲ့၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိရေး အရေးပါသော အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောာကြားဆွေးနွေးခဲ့ပြီး အမှုဆောင်အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရါက်ခဲ့ကြသည်။

               မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည်စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၅ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားကုန်ပစ္စည်းများဇူလိုင်လဆန်းပိုင်းတွင်ဖြစ်ပေါ် နေသည့်ဈေးနှုန်းအခြေအနေမြေပြင်ကွင်းဆင်းစစ်ဆေး ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားကုန် ပစ္စည်းအရောင်းဆိုင်များသို့ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ်(ခ) ဦးကိုလေး ကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မူ၊ ဒေါ်မွှေးကြူ၊ မိဘရိပ် ဆန်ဆိုင်၊ မြို့မဈေး အပြင်တန်းရှိ ဒေါ်လုံးလုံး၊ ဦးချမ်းသာကြီးဆန်ဆိုင်၊ ဦးတင့်ဆွေဦး၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်မျိုးမျိုးဝင်း ရေချိုရေငံ ငါးပုဇွန် အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက် ဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက် ကုန်စိမ်းဆိုင်တို့တွင် ဇူလိုင်လဆန်းနှင့် ဇူလိုင်လ အလယ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအခြေအနေတို့မှာ သိသိသာသာ ကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်းမှာလည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ”

     ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်းတွင် ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီ အချိန်တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်‌ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာကျောင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေသာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်‌)

“ ကော့မှူးမြို့နယ်၌မိုးစပါးတိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့်လက်တွေ့စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ ”

        တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇) ဦးပိုင်အမှတ်(၁/၁) သရုပ်ပြဧက(၅)ဧက တောင်သူ ဦးစန်းလွင်၏ လယ်ယာမြေ၌ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                                                 အဆိုပါ အခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းမှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ seeder ၏ အကျိုးကျေးဇူးများဖြစ်သော လုပ်အားသက်သာခြင်း မျိုးစေ့ကုန်ကျသက်သာခြင်း ပင်ကြားတန်းကြား ညီညာစွာ စိုက်ပျိုးနိုင်ခြင်း၊ ကြားလိုက်သမန်းနိုး ရန်လွယ်ကူခြင်း၊ တစ်ဧကအောက်ကွက် ပြည့်မှီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ လေဝင်လေထွက် ကောင်း၍ အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ခြင်း စသည့်တို့အား အကျယ်တဝင့် ရှင်းလင်းပြော ကြားပေးခဲ့ပြီး မိုးစပါးတိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် လက်တွေ့စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါ မိုးစပါး တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် လက်တွေ့စိုက်ပျိုးခြင်း အခမ်း အနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်နှင့် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် လေ့လာသူ တောင်သူများ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌စပါးစိုက်ပျိုးဧကအထွက်နှုန်းများနှင့်ပတ်သတ်၍ရပ်ကွက်ကျေးရွာများရှိ တောင်သူများထံသို့ကွင်းဆင်းလေ့လာခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးဧက အထွက်နှုန်းများနှင့် ပတ်သတ်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ စပါးစိုက်တောင်သူများထံသို့ ဇူလိုင်လ (၁၁)ရက်နေ့၊ ညနေ (၁၅:၃၀)နာရီအချိန်တွင် လယ်သမားများ၏ နေအိမ်တဲများ အရောက် ကွင်းဆင်းမေးမြန်းစုံစမ်း စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းလေ့လာ စာရင်းကောက်ယူခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်နှင့်အညီ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည် နယ်များ အနေဖြင့် စပါးစိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာ သုံးသပ်တင်ပြရန် ညွှန်ကြားချက်အရ ကော့မှူးမြို့နယ် မကျီးကန်းရပ်ကွက်၊ တာလမ်းသစ်ရပ် ကွက်၊ တောင်ပိုင်းရပ်ကွက်များရှိ စပါးစိုက်တောင်သူများ၏ အမှန်စိုက်ပျိုးသည့်ဧက၊ ရိတ်ဧက၊ စပါးအမျိုးအစားအလိုက် အထွက်နှုန်း အမှန်ထွက်ရှိသည့် စပါးအထွက်(တင်း)၊ စပါး(အထွက်) တန်တို့အား စာရင်းကောက်ယူခဲ့ပြီး စပါးစိုက်တောင်သူများ၏ စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ နှင့်ပတ်သတ်သည့် ဖြေကြားချက်များအား မေးမြန်းစုံစမ်းလေ့လာမှုများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ် Orange Super Market အတွင်းရောင်းချနေသည့် လျှပ်စစ်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး သန်လျင်မြို့မှ ဝန်ထမ်းများသည် ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့တွင်ရှိသည် Orange Super Market အတွင်း ရောင်းချ လျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Orange Super Market အတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အိမ်သုံး လျှပ်စစ်ပစ္စည်းများအား ပြည့်စုံစွာ ဖော်ပြနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ရှိမိုးစပါးစိုက်ပျိုးမှုအခြေအနေများအားတောင်သူများနှင့်တွေ့ဆုံ မေးမြန်းခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးစပါး စိုက်ပျိုးတောင်သူများ၏ စိုက်ပျိုးမှုအခြေအနေများကို ကွင်းဆင်းတွေ့ဆုံမေးမြန်းရန် ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ဇွန်လ (၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းတွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရသည်။

           ထိုသို့ ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့သည် ဒေးဒ နောကျေးရွာကွင်းမှ တောင်သူဦးဇော်မြင့်နှင့်လည်းကောင်း၊ ဝါးကောက်တောကျေးရွာကွင်းမှ တောင်သူ ဦးခင်မောင်အေးနှင့်လည်းကောင်း၊ ပေတုန်းကျေးရွာကွင်းမှ ဒေါ်မိုးမိုးတို့အား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် တောင်သူကျေးရွာကွင်းမှ တောင်သူ ဦးဇော်မြင့်က ယခင်နှစ်(၂၀၂၄-၂၀၂၅) ခုနှစ်က မိမိလယ်မှ ဖြုတ်ပိုးများကျခြင်းကြောင့် အထွက်နှုန်း လျော့နည်းခဲ့ကြောင်း၊ ယခုနှစ် မိုးစပါး ကြဲပတ်၍ အပင်ပေါက်လာချိန်တွင်လည်း ဒီရေများ လယ်တွင်းသို့ ဝင်ရောက်ရာတွင် ရွှေခရု အကောင်ငယ်များပါလာပြီး တဖြည်းဖြည်း ကြီးထွားလာ၍ စိုက်ပျိုးရေးလယ်မှ အချို့ နေရာများတွင် အပင်များအား ရွှေခရုများကို ရွှေခရုပိုးသတ်ဆေးများ ပက်ဖျန်းကာ ပြန်လည် စိုက်ပျိုးနေရကြောင်း ရာသီဥတု မှန်ကန်၍ အဖျက်ပိုးများ မကျရောက်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းမည်ဟု ယူဆကြောင်း၊ ဝဝါးကောက်တောကျေးရွာကွင်းမှ တောင်သူ ဦးခင်မောင်အေးမှလည်း ယခင်နှစ်စပါးစိုက်ပျိုးချိန်တွင် ဖြုတ်ပိုး အနည်းငယ်ကျ၍ နှိမ်နှင်းနိုင် ခဲ့သော်လည်း ရိတ်သိမ်းချိန်တွင် မိုးမိသဖြင့် စပါးပင်များ၌ ကပ်၍ပြားသွားသဖြင့် ယခင်နှစ်များ ထက် အထွက်နှုန်းအနည်းငယ် လျော့နည်းခဲ့ကြောင်း ယခုနှစ်တွင်လည်း လယ်ထဲတွင် ခရုများ ကျဆင်းသဖြင့်  ဆေးနှစ်ကြိမ်ဖျန်း၍ ခရုစားသွားသောနေရာတစ်ချို့ကို ပြန်လည်အစားထိုး စိုက်ပျိုးသောကြောင့်၊ ရာသီဥတုဒဏ်နှင့် ဖျက်ပိုးများ ကျရောက်ခြင်းမရှိက ယခုနှစ်သီနှံ အထွက် ကောင်းမည်ဖြစ်ကြောင်း၊ ပေကုန်း ကျေးရွာကွင်းမှ တောင်သူ ဒေါ်မိုးမိုးကလည်း ယခင်နှစ် စပါး စိုက်ပျိုးချိန်တွင် ဖြုတ်ပိုး၊ ဖျက်ပိုးများကို ကာကွယ်နှိမ်နှင်း၍ မိုးစပါးပေါ်ချိန်တွင် အထွက်နှုန်း အသင့်အတင့် ကောင်းမွန်ခဲ့ကြောင်း ယခုနှစ်တွင် လယ်ထဲတွင် ခရုများကျ၍ ပိုးသတ်ဆေးဖြန်း၍ နှိမ်နင်းနေကြောင်း ရာသီဥတု သင့်တင့်မျှတ၍ ပိုးမွှားများ မကျရောက်ပါက အထွက်နှုန်းကောင်း လာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

          ကွမ်းခြံကုန်းမြို့နယ် အနေဖြင့် (၂၀၂၄-၂၀၂၅)ခုနှစ် မိုးစပါးလျာထားဧက(၁၀၂၆၂၅)တွင် (၁၀၂၆၃၁)ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်လျာထားဧက (၁၀၂၃၉၉)ဧကတွင် (၆၄၆၂၇)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့၏ စာရင်းများအရ သိရှိ ရပြီး ငစိန်(ထွန်းပု)၊ ငကျွဲ(ဘေကြာ)၊ တောင်ပျံ၊ ကြားပျံ စပါးများ၊ မီးဒုံ(ခွန်နီ)စပါးများကို အများ အားဖြင့် စိုက်ပျိုးပြီး ဧည့်မထ (ရက်၉၀) စပါးမျိုးများကို နွေစပါးစိုက်ပျိုးရာတွင် မိုးစပါး အသုံးပြု ရန်အတွက်သာ စိုက်ပျိုးသဖြင့် အထက်ပါကျေးရွာများမှ တောင်သူများ အနေဖြင့် မီးဒုံ(ခွန်နီ) ငကျွဲ (တောင်ပျံ၊ ကြားပျံ) စပါးမျိုးများကို အများအပြား စိုက်ပျိုးကြသဖြင့် စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စပါးမျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးမြှင့်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေးခြင်းများကို စိုက်ပျိုးရေး ပညာရှင်များ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကွင်းဆင်းမည့် လေ့လာခြင်းများကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် မိမိတို့ဌာနမှလည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးများ၊ လစဉ်ထုတ် ပြန်ဆောင်ရွက်နေကြောင်းနှင့် အခက်အခဲများကို အထက်ဌာများသို့ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မိမိတို့ မိရိုးဖလာလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိ တို့စားဝတ်နေရေး ပြည့်စုံသည့်အပြင် မိမိစိုက်ပျိုးသော စပါးများမှ ဆန်များကို ပြန်လည်တင်ပို့ ရောင်းချနိုင်ပါက နိုင်ငံ့ဝင်ငွေများပါ တိုးတက်လာမည်ဖြစ်ကြောင်း တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News