Main menu

SPS and Quarantine

Powered by Drupal

ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်သည့် လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခြင်း

       ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု သင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အကြီးတန်းစာရေး ဦးထက် အောင်လှိုင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်းများ အလိုက် စားသုံးသူများလိုက်နာရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များ ထုတ်လုပ်မည်ဆိုပါက ကုန်အညွှန်းအမှတ်အသားများအား ပြည်စုံစွာဖော်ပြရန် လိုအပ် ပါကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်‌ရေးဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့်လည်း ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ပေါ်ပေါ်က်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website သို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center No.1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာစုပေါင်းကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ

     (၁၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၂:၀၀)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၄၁)၊ အုပ်ပုံကွင်း၊ ဦးပိုင်အမှတ်(၁၉)ရှိ တောင်သူ ဦးကျော်ဝင်းအောင်၏ လယ်မြေ(၂၀)ဧကပေါ်တွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာစုပေါင်း ကြဲပက်ပွဲနှင့် လယ်ယာကန် သင်းနှင့် အလဟသက်မြေများတွင် ပိုက်ဆံလျှော်စိုက်ပျိုး ထုတ်လုပ်ရန် မျိုးစေ့ပေးအပ်ပွဲခြင်း အခမ်း အနားကျင်းပခဲ့ပါသည်။

     အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်စီမံခန့်ခွဲရေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူစုစုပေါင်းအင်အား (၁၅၀) တက်ရောက်ခဲ့ပြီး  လုပ်သား(၂၀)ဦးဖြင့် ပုလဲမြေဩဇာနှင့်သဘာဝမြေဩဇာများ စုပေါင်းကြဲပတ်‌ နေမှုကို ကြည့်ရှုအား ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အောင်နိုင်တိုး စပါးမျိုးသစ်၊ နွေမိုးစိုက်ပျိုးနိုင်သော ရေဆင်းပေါ်ဆန်း(၁)၊ ပေါ်ဆန်း(၂)၊ ရေကြည်ပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ဖျာပုံဘေးကြားမျိုးတို့အား ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားကို (၁၂:၄၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA (ရန်ကုန်)

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးဆိုင်ရာ အချက်အလက်များ

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန(MHLW)က သစ်ကြားသီး(Walnut) တင်သွင်းမှုအပေါ် ဖြေလျော့ပေးမှုနှင့်ပတ်သက်၍ ကြေငြာချက်ထုတ်ပြန်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ စိုက်ပျိုးရေးထုတ်ကုန်အချက်အလက်များအား တင်သွင်းရာတွင် ထိရောက်စွာ ဈေးကွက်ရှာဖွေနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ (21.7.2020)

စိုက်ပျိုးရေးထုတ်ကုန်များတင်သွင်းမှုနှင့်စပ်လျဉ်း၍ EU ၏ စံချိန်စံညွှန်းများအား လေ့လာသုံးသပ်ချက် (ဦးကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး(ဘရပ်ဆဲလ်မြို့))

အီးယူ၏ သစ်သီးဝလံတင်သွင်းမှုအခြေအနေနှင့် စံချိန်စံညွှန်းများအား လေ့လာတင်ပြခြင်း (ဦးကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး(ဘရပ်ဆဲလ်မြို့))

စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပဈေးကွက်တင်ပို့ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီညွတ်မှုရှိစေရန်ကိစ္စအပေါ် ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းခြင်းနှင့်ပတ်သက်သည့် စံချိန်စံညွှန်းများကို လေ့လာတင်ပြခြင်း

စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် သိရှိထားရမည့် စင်ကာပူနိုင်ငံ၏ စံချိန်စံညွှန်းများ

ဂျပန်နိုင်ငံ၊ Ministry of Health, Labor and Welfare (MHLW) က မြန်မာနိုင်ငံမှ နှမ်းနှင့်နှမ်းအသုံးပြုထုတ်ကုန်တင်သွင်းမှုအပေါ် စစ်ဆေးခြင်းနှင့်ပတ်သက်၍ အသိပေးကြေငြာချက်

Pages

Subscribe to RSS - SPS and Quarantine