Main menu

သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာစုပေါင်းကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ

Powered by Drupal

     (၁၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၂:၀၀)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၄၁)၊ အုပ်ပုံကွင်း၊ ဦးပိုင်အမှတ်(၁၉)ရှိ တောင်သူ ဦးကျော်ဝင်းအောင်၏ လယ်မြေ(၂၀)ဧကပေါ်တွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာစုပေါင်း ကြဲပက်ပွဲနှင့် လယ်ယာကန် သင်းနှင့် အလဟသက်မြေများတွင် ပိုက်ဆံလျှော်စိုက်ပျိုး ထုတ်လုပ်ရန် မျိုးစေ့ပေးအပ်ပွဲခြင်း အခမ်း အနားကျင်းပခဲ့ပါသည်။

     အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်စီမံခန့်ခွဲရေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူစုစုပေါင်းအင်အား (၁၅၀) တက်ရောက်ခဲ့ပြီး  လုပ်သား(၂၀)ဦးဖြင့် ပုလဲမြေဩဇာနှင့်သဘာဝမြေဩဇာများ စုပေါင်းကြဲပတ်‌ နေမှုကို ကြည့်ရှုအား ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အောင်နိုင်တိုး စပါးမျိုးသစ်၊ နွေမိုးစိုက်ပျိုးနိုင်သော ရေဆင်းပေါ်ဆန်း(၁)၊ ပေါ်ဆန်း(၂)၊ ရေကြည်ပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ဖျာပုံဘေးကြားမျိုးတို့အား ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားကို (၁၂:၄၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA (ရန်ကုန်)