Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထောပတ်သီးနှင့် မကာဒမီးယားအစေ့အဆန်တင်ပို့မှုအား ကင်ညာအစိုးရမှရပ်ဆိုင်း

CCC မှ ရေရှည်တည်တံ့သော ဖြေရှင်းနည်းများရှာဖွေရန် ကုန်သည်များအားလက်တွဲရန် တောင်းဆို

ဂျပန်နိုင်ငံ၏ ၂၀၂၄ ဆန်သစ်ဈေးသည် နွေရာသီအပူရှိန်ကြောင့် ၃၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံရောက်ရှိ

ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ခြင်းအတွက် ကမ္ဘာ့အချက်အခြာနေရာအဖြစ်ပေါ်ထွက်လာ

၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် ဒေါ်လာ ၃၉မှ ၄၀ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထား

ဗီယက်နမ်လူမျိုးများသည် နှစ်စဉ်ဆေးလိပ်အတွက် ဒေါ်လာ ၂ဘီလီယံနီးပါးသုံးစွဲ

ကမ္ဘောဒီးယားသို့ နှစ်စဉ်တရုတ်ခရီးသွားအနည်းဆုံး တစ်သန်းလာရောက်လည်ပတ်ရန် ကတိပြု

ကမ္ဘောဒီးယားနိုင်ငံနှင့် RCEP တို့၏ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၅ဘီလီယံကျော်မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) (RCEP) ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅.၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ခုနှစ်ထက် ၁၇.၁ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ RCEP အဖွဲ့ဝင်များနှင့် နိုင်ငံတော်ကုန်သွယ်မှုပမာဏသည် စုစုပေါင်းကုန်သွယ်မှု၏ ၆၁.၆ ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEP နိုင်ငံများသို့ ကုန်ပစ္စည်းဒေါ်လာ ၆.၇၆ ဘီလီယံတင်ပို့ခဲ့ပြီး RCEP နိုင်ငံများမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၇၈ ဘီလီယံတန်ဖိုးရှိကြောင်းသိရသည်။ RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၅နိုင်ငံပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်စေရေးအတွက် အထောက်အကူဖြစ်ပြီး နိုင်ငံတော်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အားထားရာဖြစ်ကြောင်းပြောကြားခဲ့သည်။ RCEP ၏သဘောတူညီချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်းအားဖြင့် ကမ္ဘောဒီးယား၏ RCEP နိုင်ငံများသို့တင်ပို့မှုသည် ၂၀၂၄ခုနှစ်ထက်ကျော်လွန်နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ Asean +3 Macroeconomic Research Office (AMRO) မှ စီးပွားရေးလုပ်ငန်းရှင် Hoe Ee Khor က အခွန်နှင့်အခွန်ကင်းလွတ်ခွင့်လျှေ့ချခြင်းသည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကို ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ရန်ပိုမိုလွယ်ကူစေသည်ဟုဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန်/ ထုတ်ကုန်များဖြစ်သည့် အထည်ချုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်များသည် RCEP အောက်တွင် အကောက်ခွန်လျှေ့ချမှုကြောင့် ဈေးကွက်ဝင်ရောက်မှုနှင့်အပြိုင် ဈေးနှုန်းများတိုးလာခြင်းမှ အကျိုးအမြတ်များစွာရရှိခဲ့သည်ဟုသိရသည်။ Source: Khmer Times DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ