Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဥဇဘက်ကစ္စတန်နိုင်ငံ၏ ရွှေတင်ပို့မှုသည် ၂၀၂၅ ခုနှစ်၏ ၅ လတာအတွင်း ၅၄.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဝယ်ယူတင်သွင်းတော့မည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြောကြား

ဥဇဘတ်ကစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ၆.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထား

နယူးဇီလန်သည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန် အေဂျင်စီအသစ်တစ်ခုကို ထူထောင်

အင်ဒိုနီးရှားသည် အိမ်ရာအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၃၈ သန်း ADB ချေးငွေကို ပယ်ဖျက်

၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း၌ မော်တော်ယာဉ်နှင့် ဆက်စပ်သော စီးပွားရေးကဏ္ဍများ အတွက် စီးပွားရေးဖွံ့ဖြိုးမှု အခွင့်အလမ်းများဖန်တီးနေသည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှုကို အဓိက ထိခိုက်နိုင်သော မော်တော်ယာဉ်နှင့် ဆက်စပ်တဲ့ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် စီးပွားရေး ကဏ္ဍများသည် ခန့်မှန်း ချက်အရ GDP မှာ -2.5% ခန့် ကျဆင်းနိုင်သော်လည်း၊ အဆိုပါကဏ္ဍများတွင် ပြန်လည်တိုးတက် နိုင်ရေး အတွက် နည်းပညာအသစ်များကို ဦးတည်ကျင့်သုံးခြင်း၊ အီလက်ထရွန်နစ်ယာဉ်နှင့် စမတ်ယာဉ်များကို ပိုမိုဖော်ဆောင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ကြိုးပမ်းခြင်း၊ ပြည်တွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သဘာဝနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း သက်သာမှု ရှိသော ယာဉ် များအား ပိုမိုဖြန့်ချိခြင်း နှင့် နည်းပညာသင်တန်းများဖွင့်လှစ်ခြင်းဖြင့် လူ့စွမ်းအား တိုးတက်စေခြင်း စသည့် လမ်းကြောင်းသစ်များ ဖြင့် အခွင့်အလမ်းသစ်များ ဖော်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဤကဲ့သို့ ပြုပြင်မွမ်းမံမှုများကြောင့် မော်တော်ယာဉ်နှင့် ဆက်စပ်တဲ့ ကဏ္ဍများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာပြီး နည်းပညာအသစ်များ အပြင်းအထန်ဖြန့်ချိမှုဖြင့် မြန်မာနိုင်ငံ စီးပွားရေးကို ပြန်လည် တက်ကြွစေမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

မြန်မာစပါး နှင့် ဆန်ကွဲ တင်ပို့မှုအား တန် ၃ သန်းထိ တိုးမြှင့်ရန် စီစဉ်နေ

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးနှင့် ဆန်ကွဲ တင်ပို့မှုကို စုစုပေါင်း ၃ မီလီယံ တန် (သုံးသန်းတန်) ထိ တိုးမြှင့်ရန် စီစဉ်နေကြောင်းသိရှိရပါတယ်။ မြန်မာစပါးသည် အရသာ ကောင်းမွန်ခြင်းကြောင့် နိုင်ငံတကာ ဈေးကွက်များတွင် လူကြိုက်များလာနေပြီး အထူးသဖြင့် တောင်အာရှ၊ တောင်အာဖရိက နယ်မြေများမှ ဝယ်လိုအား များလာပါတယ်။ ဤကဲ့သို့ တင်ပို့မှု ပမာဏတိုးမြှင့်လာ ခြင်းသည် စိုက်ပျိုးသူများအတွက် ဝင်ငွေတိုးလာစေနိုင်ခြင်း၊ ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာ စေနိုင်ခြင်း၊ နိုင်ငံတကာ ဈေးကွက်တွင် မြန်မာစပါးကို ပိုမိုခိုင်မာစေနိုင်ခြင်း၊ စသည့်အကျိုးကျေးဇူးများ ပေးစွမ်းနိုင်မည်ဟု ယုံကြည်ထားကြပါတယ်။ ထို့အပြင် နည်းပညာအသစ်များ အသုံးပြုခြင်း၊ သယ်ယူ ပို့ဆောင်မှု စနစ်များ တိုးတက်လာခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့လည်း တစ်ပြိုင်နက်တည်း တိုးတက် လာစေနိုင်မည်လည်း ဖြစ်ပါတယ်။ နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့ခြင်းအပေါ် အာရုံစိုက်ခြင်းသည် မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ DOCA(ဧရာဝတီ)

မြန်မာ့ထုတ်ကုန်များအတွက် အမေရိကန်ဈေးကွက်အသစ်ဖွင့်

အမေရိကန်အစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ မြန်မာနိုင်ငံမှ ထုတ်ကုန်များအပါအဝင် နိုင်ငံတော်အတော်များမှ ထုတ်ကုန်များအပေါ် သတ်မှတ်သည့် အပြန်အလှန်အခွန်သတ်မှတ်ချက် (reciprocal tariff) အသစ်များ ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါအခွန်သစ်သတ်မှတ်ချက်များကို Executive Order 14257 အရ သတ်မှတ်ပြဌာန်းခြင်း ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များအပေါ် ၄၄% ထိ အခွန်တိုးမြင့် ပြဌာန်း လိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ အခွန်တိုးချဲ့မှုသည် ဈေးကွက်အားလုံးဝပိတ်ပင်ခြင်းမျိုး မဟုတ်ဘဲ ဈေးကွက်အတွင်းသို့ စနစ်တကျဝင်ရောက်နိုင်ရန်အတွက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှစတင်၍ ဇူလိုင်လ ၉ ရက်အထိ စုစုပေါင်း ရက်(၉၀) အတွင်း ထုတ်ကုန်အမျိုးအစားတချို့အတွက် အချိန်ပိုင်း “pause period” ထားရှိပေးထားကြောင်း သိရှိရပါတယ်။ ယင်းကဲ့သို့ “pause period” ထားရှိပေးထားသည့်အတွက် လုပ်ငန်းများအနေဖြင့် ဈေးကွက်သစ်အား ဝင်ရောက်နိုင်ရန်အတွက် ပြင်ဆင် ခွင့် နှင့် ပြင်ဆင်ချိန် ရရှိနေပါသေးသည်။ မြန်မာ့ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့်လည်း အမေရိကန်ဈေးကွက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ အသိအမှတ်ပြုအထောက် အထားများရယူခြင်းနှင့် မျှတသောစျေးနှုန်းဖြင့် တင်ပို့နိုင်ရေးတို့ကို စီမံကိန်းပြုလုပ်နိုင်မည့် အချိန်အခွင့် အလမ်းဖြစ်ကြောင်း စီးပွားရေးသုံးသပ်သူများကရှုမြင်နေကြပါတယ်။ ကုန်သွယ်ရေးနယ်ပယ်၌ အတွေ့ အကြုံပြည့်သူတစ်ဦးက “အခွန်တိုးလာခြင်းသည် စိတ်ပင်ပန်းစရာပေမယ့်၊ ဈေးကွက်ပိတ်ခြင်း မဟုတ် သောကြောင့်၊ မိမိထုတ်ကုန်ကို ဈေးကွက်သင့်လျော်အောင်ပြင်ဆင်၍ ဝင်ရောက်နိုင်ခြင်းသည် အခြား နည်းဖြင့် မရနိုင်သော အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်တယ်” ဟုသုံးသပ်ဝေဖန်ထားပါသေးတယ်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ