ဖြေရှင်းဆောင်ရွက်ပေးမှုများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေ တိုင်ကြားသူ သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် စီးနင်းလိုက်ပါလာ ခဲ့ရာ ပြည်မြို့သို့ရောက်ရှိချိန်တွင် ၎င်း၏ခရီးဆောင် အိတ်မပါရှိတော့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် RC နှစ်ထပ်အဆောက်အဦအား ကုန်ကျစရိတ်နှင့်လက်ခအပြီး ငွေကျပ်(၃၄၅)သိန်းဖြင့် ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ချုပ်ဆိုအပ်နှံခဲ့ရာ စာချုပ်ချုပ်ဆိုသည့်နေ့တွင် ငွေကျပ် (၃၂၃) သိန်း ပေးချေခဲ့ပြီး ကျန်ငွေ (၂၂)သိန်းကို ၁၅-၇-၂၀၂၂ ရက်နေ့တွင် အပြီးပေးချေမည်ဖြစ်ကြောင်းနှင့် အဆောက်အဦအား ၅-၈-၂၀၂၃ ရက်နေ့အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ကျန်ငွေ(၂၂)သိန်းပေးချေပြီးသော်လည်း ကန်ထရိုက်မှအဆောက်အ
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေတိုင်ကြားသူသည် (၂၃-၁-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မှ ပြည်မြို့သို့ ခရီးဆောင်အိတ်နှင့်အတူ စီးနင်းလိုက်ပါလာပြီး အင်းမမြို့အရောက်တွင် မိမိ၏ခရီးဆောင်အိတ်မရှိတော့ကြောင်းနှင့် လွဲမှားသွားကြောင်းသိခဲ့ရသဖြင့် စပယ်ယာအားမေးမြန်းရာတွင် သုံးဆယ်မြို့တွင် ဆင်းသည့်ခရီးသည်၏အိတ်နှင့် လွဲမှားပါသွားခဲ့ကြောင်းသိရပါသည်။ လွဲမှားသွားသည့်အိတ်ပြန်လည်ရရှိရေး ကားဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မိမိဘာသာချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် ဖြေရှင်းဆော