Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
19 Nov 2025

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ တိုင်ကြားသူတစ်ဦးသည် သောက်ရေသန့်လုပ်ငန်းတစ်ခုထံမှ (၂၀လီတာ)သောက်ရေသန့် ဘူးဝယ်ယူသုံးစွဲခဲ့ရာ အခြားအမှတ်တံဆိပ်( အသားတံဆိပ်)ပါ သောက်ရေသန့်ဘူးခွံထဲတွင် ထည့်သွင်းပြီး အခြားအမှတ်တံဆိပ် (အသားတံဆိပ်)ပေါ်မှ ၎င်း၏အမှတ်တံဆိပ် အား စတစ်ကာကပ်၍ ရောင်းချနေသည့်အတွက် စားသုံးသူအား ထင်ယောင်ထင်မှားဖြစ် စေသည့်အပြင် စတစ်ကာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးပေးနိုင်ပါရန် စားသ

19 Nov 2025

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် Online Page တစ်ခုထံမှ တာလီပုတီး ဝယ်ယူရာ တွင် ငွေကျပ် ၄၅,၀၀၀/- ကြိုလွှဲပေးထားသော်လည်း ပစ္စည်း ပေးပို့မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ Call Center (၁၅၃၅)မှတစ်ဆင့် ခေါ်ဆိုတိုင်ကြားလာပါသည်။

23 Oct 2025

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြား သူတစ်ဦးက သောက်ရေသန့်လုပ်ငန်းတစ်ခုသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက် ခံချက်မပါရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသဖြင့်  စစ်ဆေး အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၊ Website Complaint System မှတစ်ဆင့်  တိုင်ကြားလာပါသည်။

23 Oct 2025

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ တိုင်ကြားသူတစ်ဦးသည် အဆင့်မြင့်ဆန်ရောင်းဝယ်ရေး တစ်ခုထံမှ ပေါ်ဆန်း(ရှယ်)အမျိုး အစားအား အလေးချိန် (၁၀၈)ပေါင်၊ (၂၄)ပြည် ဝင် ဆန်အိတ်ရေ (၃၃)အိတ်ကို အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခဲ့ရာ ပေးပို့လာသည့်ဆန် များ၏အရည်အသွေးသည် နမူနာပြထားသည့်ဆန်အရည်အသွေး နှင့်တူညီမှုမရှိဘဲလွန်စွာကွဲလွဲမှုများရှိနေသောကြောင့် အဆင့်မြင့် ဆန်ရောင်းဝယ်ရေးသို့ ဆက်သွယ်ပြောကြားသော်လည်း တာဝန်ယူမှုမရှိသော

23 Oct 2025

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ် ဦးသည် Online Shop တစ်ခု၏  Page တွင် Branded အိတ်စစ်စစ်အဖြစ် Post တင်ပြီး ကြော်ငြာ သောကြောင့် မှာယူခဲ့ပါကြောင်း၊ မှာယူပြီး မိမိထံ ရောက်ရှိချိန်တွင် အိတ်မှာ Error များပါနေသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

Pages