Main menu

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်းရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်း

Powered by Drupal

နေပြည်တော်၊ (၁၅.၁.၂၀၂၁)

       အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ၈-၁-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း တို့ဦးဆောင်သော ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့က အသီးသီးရေးဆွဲထားကြသော အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုဆိုင်ရာ စည်းမျဉ်း (EEE Safety Regulation) မူကြမ်း (၂) ခုအား ပေါင်းစပ်၍ သက်ဆိုင်ရာ ဥပဒေနှင့်ကိုက်ညီမည့် မူကြမ်းတစ်ရပ်ရေးဆွဲ ပြုစုရန်ဖြစ်ပါကြောင်း၊ စားသုံးသူများအတွက် အမှန်တကယ်လိုအပ်သည့် မူကြမ်းတစ်ခုအဖြစ် ဥပဒေတစ်ခုကို အခြေပြု၍ စည်းမျဉ်းစည်းကမ်း သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ရမည်ဖြစ်ရာ မူရင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်ကိုက်ညီစေရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းရေးဆွဲ ထားသောမူကြမ်းအား ဒုတိယဝန်ကြီးများထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန် ရှိသူများက  အီလက်ထရောနစ် ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးစည်းကမ်းများဆိုင်ရာ ညွှန်ကြားချက် သို့မဟုတ် စဉ်းမျဉ်း(မူကြမ်း)အားရေးဆွဲရာတွင် အခြေခံရမည့်ဥပဒေ၊ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ပါဝင်သင့်သည့် အခန်းကဏ္ဍများ၊အခြေပြုရေးဆွဲသင့်သည့်ဥပဒေနှင့်ဆီလျှော်စေမည့် အသုံး အနှုန်း များ စသည်တို့ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM