
- Online Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ စားသုံးသူတို့သည်လည်း Online မှတစ်ဆင့် ကုန်စည် နှင့် ဝန်ဆောင်မှုများကို နည်းပညာ အကူအညီဖြင့် အလွယ်တကူ ဝယ်ယူမှု ပြုနိုင်လျက်ရှိပါသည်။
- သို့ရာတွင် စားသုံးသူ၏ အင်တာနက် အခြေခံ ဝယ်ယူမှုစနစ် (Online Shopping Technique) ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုတို့ကို အခွင့်ကောင်းယူ၍ သော်လည်းကောင်း၊ မမှန်ကန်သော ရောင်းချခြင်း နည်းလမ်းများ အသုံးပြု၍သော် လည်းကောင်း Online Shopping လုပ်ငန်းများက စားသုံးသူများကို လိမ်လည်မှုများ ပြုလုပ်လျက် ရှိပါသည်။
- Online Shopping Page များသည် ကုန်ပစ္စည်းများ ရောင်းချရာတွင် အများယုံကြည်စိတ်ချမှု ရရှိနေသည့် အစိုးရ နှင့် ပုဂ္ဂလိက ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်ပစ္စည်းလက်ခံပြေစာကို အတုပြုလုပ်ခြင်း၊ ပြေစာ အတုပုံ ပေးပို့၍ မှာယူထားသည့်ပစ္စည်း ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စားသုံးသူ၏ ယုံကြည်မှု ရရှိစေခြင်းဖြင့် ဝယ်ယူထားသည့် ကုန်ပစ္စည်းအတွက် ငွေကြိုတင် လွှဲခိုင်းခြင်း၊ ငွေလွှဲခိုင်းပြီးနောက် ကုန်ပစ္စည်းများ ပေးပို့ခြင်း မပြုဘဲ လိမ်လည်မှု ပြုကြ ကြောင်း စိစစ်တွေ့ရှိရပါသည်။
- သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ပစ္စည်း လက်ခံ ပြေစာများကို အတုပြုလုပ်၍ လိမ်လည်မှုပြုနေသည့် Online Shopping လုပ်ငန်းများကို အထူးသတိထား ဂရုပြုနိုင်ပါရန် အသိပေး တင်ပြအပ် ပါသည်။