Main menu

ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် (၂၀၂၃)ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီးတစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၃၅၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊  ရမည်းသင်းမြို့မှ ထွက်ရှိသည့် စပျစ်သီးအဝိုင်းသီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အချွန်းသီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင်(၈၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှ ထွက်ရှိသည့် ဖရဲသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊ သခွားသီး တစ်လုံးလျှင်(၅၀၀)ကျပ်မှ (၈၀၀)ကျပ်၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီးတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၀၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိသည်။

အေးသိင်္ဂီစိုး(ရွှေဘို)