Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၇၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင်၆၇၅၀-၆၈၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၃၀၀ မှ ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၂၀၀ မှ ၅၃၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၇၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စည်း) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၀၀၀မှ ၁၅၀၀ ကျပ်အတွင်း ဈေးနှုန်းအသီသီးရှိကြောင်း သိရပါသည်။

ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ တည်ငြိမ်နေပြီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ ထုပ်များ ဈေးအနည်းငယ်အေးနေပါကြောင်း၊ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူ တည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိပါကြောင်း၊ ယခုအချိန်တွင် စားအုန်းဆီ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။      

တင်မာ‌ဝေ(မုံရွာ)