Main menu

ဈေးနှုန်းအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်သော ဆောင်းမြေပဲ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ (၂၀၂၃)ခုနှစ်၊ မတ်လဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးထားသော ဆောင်းမြေပဲများမှာ ရိတ်သိမ်းပြီး၍ ဖေဖော်ဝါရီလ စတုတ္ထပတ်မှ စတင်ပြီး ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း၊ မတ်လဒုတိယပတ်အတွင်း မြေပဲဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၀)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ တစ်တင်းလျှင် (၁၀၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင်(၄၈၀ဝိ/-)ကျပ် လျော့နည်းခဲ့ပြီး ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊  ရွှေဘိုဈေးကွက်သို့ ဝင်ရောက်သမျှမြေပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝယ်ယူရရှိသည့် မြေပဲများကို လှောင်လက်သိပ်မရှိဘဲ ဝယ်ယူရသည့်ဈေးနှင့် ရောင်းဈေးကိုက်ပါက ပြန်လည်ရောင်းချကြကြောင်း သတင်းရရှိပါသည်။

နှင်းနှင်းခိုင် (ရွှေဘို)