Main menu

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

Powered by Drupal

(၁) လုပ်ငန်းတည်နေရာနှင့်             - မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၊

                                                                ၁ခ- မယ်ဇလီတောင်ကွင်း    

                  ဦးပိုင်အမှတ်             - ၄၁/၁၃၀-၁၁၊ ဧရိယာ ၀.၁၄၇ ဧက (၈၀'× ၈၀')

(၂)  တင်ဒါခေါ်သည့်နေ့ရက်             - ၁.၁၁.၂၀၁၉ ရက်နေ့မှ ၃၀.၁၁.၂၀၁၉ ရက်နေ့ထိ

(၃) တင်ဒါဖွင့်လှစ်သည့်နေ့နှင့်      - ၅.၁၂.၂၀၁၉ ရက်နေ့  

      ဖွင့်လှစ်သည့်နေရာ                      ကချင်ပြည်နယ်ဦးစီးမှူးရုံး၊

                                                              စားသုံးသူရေးရာဦးစီးဌာန

 (၄) တင်ဒါတင်သွင်းသည့်ကုမ္ပဏီ      -(က) ASIA CMI ကုမ္ပဏီ

                                                              အဆိုပြုတန်ဖိုး    ၁၀၇.၄၁၅ သန်း

                                                    (ခ) ကချင်ဒေါင်းမင်းကုမ္ပဏီ

                                                              အဆိုပြုတန်ဖိုး     ၁၀၈.၀၀၀ သန်း

 (၅) တင်ဒါကော်မတီမှစိစစ်ရွေးချယ်  - ၁၈.၁၂.၂၀၁၉ ရက်နေ့

                     သည့်နေ့နှင့်နေရာ                       ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး

(၆)  တင်ဒါကော်မတီမှ                   -  ASIA CMI ကုမ္ပဏီ

                      စိစစ်ရွေးချယ်သည့်ကုမ္ပဏီ            တန်ဖိုး ၁၀၇.၄၁၅ သန်း

(၇) လုပ်ငန်းစာချုပ်လက်မှတ်        -    ၂၃.၁.၂၀၂၀ ရက်နေ့

                       ရေးထိုးသည့်နေ့

(၈) လုပ်ငန်းစတင်သည့်နေ့ရက်     -     ၂၃.၁.၂၀၂၀ ရက်နေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ၁ခ-မယ်ဇလီတောင်ကွင်း ဦးပိုင်အမှတ် ၄၁/၁၃၀-၁၁၊ ဧရိယာ ၀.၁၄၇ဧက (၈၀'× ၈၀') တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေ ၁၀၈.၅၀၀သန်းဖြင့် ခွင့်ပြုခဲ့ပါသည်။ မြစ်ကြီးနား ခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ) (Apron&Drain) အပါ အဆောက်အဉီ ဆောက်လုပ်ရန်အတွက် ၁.၁၁.၂၀၁၉ ရက်နေ့မှ ၃၀.၁၁.၂၀၁၉ ရက်နေ့ထိ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ၁၉.၁၁.၂၀၁၉ ရက်နေ့နှင့်  ၃၁.၁၁.၂၀၁၉ ရက်နေ့တို့တွင် နိုင်ငံပိုင်       မြန်မာ့အလင်းသတင်းစာမှ အိတ်ဖွင့်တင်ဒါကြော်ငြာခေါ်ယူခဲ့ရာ ကုမ္ပဏီ(၅)ခု တို့မှ တင်ဒါ လျှောက်လွှာပုံစံဝယ်ယူခဲ့ကြပါသည်။ တင်ဒါအဆိုပြုလွှာတစ်စောင်လျှင် တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ စုစုပေါင်းရရှိငွေ ၅၀၀၀ဝိ/- (ကျပ်ငါးသောင်းတိတိ)အား မြန်မာ့စီးပွားရေးဘဏ်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ငွေစာရင်းအမှတ် MD-012694 သို့ ပေးသွင်းခဲ့ပြီးဖြစ်ပါသည်။

တင်ဒါအဆိုပြုဝယ်ယူသည့် ကုမ္ပဏီ(၅)ခုအနက် တင်ဒါစည်းကမ်းချက်နှင့်အညီ တင်ဒါတင် သွင်းခဲ့သည့် ကုမ္ပဏီ(၂)ခုမှာ ASIA CMI ကုမ္ပဏီနှင့် ကချင်ဒေါင်းမင်းကုမ္ပဏီတို့၏ တင်ပြချက်များကို ပွင့်လင်းမြင်သာစွာ စိစစ်နိုင်ရေးအတွက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှ  ၅.၁၂.၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ တင်ဒါ ဖွင့်လှစ် စစ်ဆေးခဲ့ပါသည်။ တင်ဒါအောင်ကုမ္ပဏီ စိစစ်ရွေးချယ်ရေးကို  ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၁၈.၁၂.၂၀၁၉ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် တင်ဒါကော်မတီဉက္ကဌ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ခေါင်းဆောင်သောအဖွဲ့မှ တင်ဒါအဆိုပြုဈေးနှုန်း ၁၀၇.၄၁၅သန်း တင်သွင်းသည့် ASIA CMI ကုမ္ပဏီ နှင့် ၁၀၈.၀၀သန်း တင်သွင်းသော ကချင် ဒေါင်းမင်းကုမ္ပဏီတို့မှ ASIA CMI ကုမ္ပဏီအား တင်ဒါ အောင်မြင်သူအဖြစ် ရွေးချယ်ပေးခဲ့ပြီး ၂၂.၁.၂၀၂၀ ရက်နေ့တွင် မြေသန့်မင်္ဂလာ ပြုလုပ်ခဲ့ပါသည်။

အဆိုပါတင်ဒါအောင်မြင်ခဲ့သော ASIA CMI ကုမ္ပဏီမှ လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ် ကို ၂၃-၁-၂၀၂၀ ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်းလက်ခံသည့် ကုမ္ပဏီမှ စာချုပ်တန်ဖိုး၏  (၅%) နှင့် ညီမျှသော Performance Guarantee ‌ငွေကျပ် (၅၄၁၅၁၃၁၁.၂၅) ကို  Bank Guarantee ပြုလုပ်၍ သတ်မှတ်နည်းလမ်းအတိုင်း ပေးသွင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန  ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး (၅၀'× ၃၅' ×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ) (Apron&Drain) အပါ တည်ဆောက်ရေးလုပ်ငန်းကို ၂၃.၃.၂၀၂၀ ရက်နေ့မှ စ၍ Drawing Structure Design ပါအတိုင်း ဆောင်ရွက်လျက်ရှိရာ ၃၀.၃.၂၀၂၀ ရက်နေ့ထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ ၃၇% ပြီးစီးပြီးဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်