Main menu

စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

         ၂၀၂၀ပြည့်နှစ် မတ်လ (၂၀)ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့စကားဝိုင်းတွင် ပြည်သူများကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အကြောင်း၊ စားသုံးသူတိုင်းရရှိနိုင်သည့် စားသုံးသူအခွင့်အရေးများနှင့်လိုက်နာရမည့် တာဝန်များလည်းရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် စတင်အသက်ဝင်တော့မည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူအပေါ်ထိခိုက်နစ်နာပြီး စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးဦးစီးဌာနရုံးသို့ သွားရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန