Main menu

ပုသိမ်ဆန်/စပါးဈေးကွက်ဈေးနှုန်းမြင့်တက်အရောင်းအဝယ်သွက်

Powered by Drupal

        ပုသိမ်မြို့ ဆန်/စပါးဈေးကွက်တွင် ဇန်နဝါရီလ ပထမပတ် ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀၀ကျပ် ၁၇သိန်းဝန်းကျင် ဆန်၁အိတ် ကျပ် ၅၆၀၀ဝိ/- ၅၇၀၀ဝိ/-ဈေးမှ ယခု တတိယပတ် ဧရာဝတီ ပေါ်ဆန်းစပါး တင်း၁၀၀ ကျပ် သိန်းနှစ်ဆယ်ဝန်းကျင် ဆန်၁အိတ် ကျပ်၆၅၀၀ဝိ/- ၆၇၀၀ဝိ/-ဈေး ယခင်ပေါ်ဆန်းရင် စပါးတင်း၁၀၀ ကျပ်၁၅သိန်း၊ ၁၆သိန်းဝန်းကျင် ဆန်၁အိတ်ကျပ် ၅၄၀၀ဝိ/- ၅၅၀၀ဝိ/-ဈေးမှ ယခုစပါးဈး တင်း၁၀၀ကျပ် ၁၇.၅သိန်း၊ ၁၈.၅သိန်းဝန်းကျင် ဆန်၁အိတ်ကျပ်၆၂၀၀ဝိ/- ၆၅၀၀ဝိ/- ဈေးအတွင်းနှင့် ယခင် မိုးမနောသုခ၊ မျိုးပွားစပါး တင်း၁၀၀လျှင် ကျပ်၁၂သိန်းဝန်းကျင် ဆန်၁ အိတ် ၄၂၀၀ဝိ/- ၄၃၀၀ဝိ/-ဈေးမှ ယခုစပါးဈေး တင်း၁၀၀ကျပ် ၁၄သိန်းဝန်းကျင် ဆန်၁အိတ်ကျပ် ၄၇၀၀ဝိ/- ၄၈၀၀ဝိ/-ဈေးဖြင့် ဇန်နဝါရီလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း စပါးဈေးသိန်းဂဏန်းနှင့်ဆန် ၁အိတ်ကျပ်၅၀၀ဝိ/- ၈၀၀ဝိ/-ဝန်းကျင် ဈေးနှုန်းမြင့်တက်၍ ရန်ကုန်နှင့် အထက်အညာဒေသမှ ဆန်ဝယ်လိုအားရှိသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဆန်းစပါးဈေးကွက်မှသိရသည်။

       စပါးဈေးနှုန်းမှာ စပါးအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသလို ဆန်၁အိတ်ကိုလည်း ကျပ်ထောင်ဂဏန်းဈေးနှုန်းအနိမ့်အမြင့်ရှိပြီး ပုသိမ်ဈေးကွက်တွင် မိုးစပါးလက်ကျန်များမှာ တောင်သူလက်ကြီးသမားများနှင့် စက်ပိုင်၊ ကုန်သည်အများစုမှာ မိမိဈေးကွက် နှစ်ပတ်လည် ကြိတ်ခွဲရောင်းချရန် သိုလှောင်ထားရှိပြီး ယခုရေကျနောက်စိုက်စပါးများ ထွက်ရှိလာချိန် ဈေးကွက်မှာ အရောင်းအဝယ်သွက်သည့်အတွက် စပါးရရှိရန် စက်ပိုင်၊ ကုန်သည်၊ ပွဲစားများမှ အမြင့်ဈေးဖြင့် ဝယ်ယူလျက်ရှိပြီး တောင်သူများလည်း တွက်ချေကိုက်လျှက်ရှိကြောင်း ဆန်/စပါးကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)