Main menu

သင်္ဘောသီးစိမ်း/မှည့်၏ အသုံးဝင်ပုံနှင့်ဈေးနှုန်းများ

Powered by Drupal

         သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့် အပူအနည်း ငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင် ဆိုပြီး (၃)မျိုးရှိပါသည်။ အမပင်နှင့် လိင်စုံပင်တွေက ပုံမှန်အသီး သီးလေ့ရှိသော်လည်း အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်လျှင် အဖိုပင်ဖြစ်ကာ အသီး သီးအောင် အဖိုပင်ကို ထိခိုက်ဒဏ်ရာရအောင် ထိပ်ပိုင်း ဖြတ်ခြင်း၊ ပင်စည်အောက်ခြေပိုင်းကို တုတ်ချောင်း ရိုက်သွင်း အဝတ်စပတ်ပေးခြင်း စသည့်အရာများလုပ်ပေးခြင်းဖြင့် အဖိုပင်များကြားတွင် အမပွင့်များ ပြောင်းလာကာ အသီးငယ်များ သီးလာတတ်ပါတယ်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယား သင်္ဘောသီးထောင်း၊ ယိုးဒယား သင်္ဘောသီး အပြားသုပ် စသောအမယ်များအပြင် အသုပ်စုံ ထဲတွင်လည်း အနည်းငယ်ထည့်၍ စားလေ့ရှိပါသည်။ ပြည်ဈေးကွက်တွင် သင်္ဘောသီးစိမ်း တစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀-၆၀၀ခန့် တို့ဖြင့် ရောင်းချ လေ့ရှိပါသည် ။ သင်္ဘောသီးစိမ်းတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဝမ်းလည်းမှန်၊ အမျှင်ဓါတ်၊ ကယ်ဆီယမ်ဓါတ်၊ သံဓါတ်နှင့်  ဗီတာမင်တွေများစွာပါဝင်ပြီး အူတွင်းလုပ်ဆောင်ချက် လည်းကောင်း၊ ကိုယ်ခံအားလည်းကောင်းစေခြင်းအပြင် သင်္ဘောသီးမှည့် ချိုချိုလေးနှင့့်ဆို ရင်အေး စေပြီး အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသောက်ကြပါသည်။ သင်္ဘောသီးမှည့်ကို အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ အလှအပ အတွက်လည်း အသုံးများလာပါသည်  ။ မျက်နှာအသားအရေ ခြောက်နေသောသူများ၊ အဆီပြန်ပြီး ဝက်ခြံတွေပေါက်သောသူများ မျက်နှာပေါင်းတင်ရာတွင် အသုံး ပြုကြပါသည်။ ပြည်မြို့ ဈေးကွက် အတွင်းမှာ သင်္ဘောသီးမှည့် (ထိုင်ဝမ်သီး) အသေး ၅၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ ကြီးချော ၁၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)