Main menu

ဗန်းမော်ခရိုင်အတွင်း ပြည်နယ် FDAမှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့်ပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်

Powered by Drupal

         ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်လ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ ပြည်နယ်FDAမှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စားသောက်ကုန် ပစ္စည်းနမူနာများဝယ်ယူကာ စားသုံးရန်သင့်/မသင့်နှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် ကွင်းဆင်းဆောင်ရွက်မှုများအား ဗန်းမော်မြို့၊မိုးမောက်မြို့၊မံစီမြို့၊ ရွှေကူမြို့တို့မှ မြို့နယ်ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ​ရေးဦးစီးဌာန၊ မွေး/ကု၊ စည်ပင်သာယာရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စည်ပင်သာယာစျေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးပူးပေါင်းဆောင်ရွက်ရာ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများဖြစ်သော စားသုံးသူကာကွယ်ရေးဉပဒေပါ လမ်းညွှန်ချက်များ၊ ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ အကြောင်းရှင်းလင်းခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ် အပြည့်အစုံ ဖော်ပြခြင်းမရှိသော ကုန်စည်များ၊ FDA မှ တရားဝင်တားမြစ်ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းများ မရောင်းချရန်နှင့်ရောင်းချပါက တားမြစ်သိမ်းဆည်းခြင်း၊ ဉပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ မြန်မာဘာသာပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဦးစားပေးရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အသိပညာပေး ရှင်းလင်းလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန