Languages

Main menu

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတက်ရောက် အမှာစကားပြောကြား

Powered by Drupal

       ၂၀၂၀ ပြည့်နှစ် မတ်လ  ၁၆ ရက်နေ့တွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပဲခူးတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး၊ စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူ​ရေးည်းအဝေး ဌာနများသို့ အစည်းအဝေးဖိတ်ကြားစာများ ပေးပို့ပြီးဖြစ်ပါကြောင်းနှင့် အစည်းအဝေးကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်တို့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး ၂၀၁၉-၂၀၂၀ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းစပါးစျေးနှုန်းဖြင့် မိုးစပါးဝယ်ယူရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အသေးစိတ်ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

            လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားရာတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် မိုးစပါး တင်းပေါင်း (၁၇၄,၀၀၀) ဝယ်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝယ်ယူပြီးစပါးများမှ ကြိတ်ခွဲထားသည့် ဆန်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ရှိ သိုလှောင်ရုံများသို့ ဆန်ပြန် လည်အပ်နှံမှုများ ဆောင်ရွက်လျက်ရှိရာ  ကြိတ်ခွဲထားသည့်ဆန်များ၏ ၁၇.၂၄ % ခန့် ပြန်လည်ပေးသွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် ၃၁-၃-၂၀၂၀ ရက်နေ့ မတိုင်မီ အမြန်ဆုံးပြန်လည်အပ်နှံနိုင်ရေး  ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အပ်နှံရရှိသည့်ဆန်များ ကိုလည်း တင်ဒါစနစ်ဖြင့် ပြန်လည်ရောင်းချနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း၊ ဝယ်ယူထားသည့် ဆန်များအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် (၂၀၀) လှူဒါန်းနိုင်ခဲ့ပါကြောင်း၊ အဖွဲ့မှ ဆန်ဝယ်ယူ ထားနိုင်ခဲ့သည့်အတွက်  ဈေးကွက်တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါကြေင်း၊ နွေစပါးကိုလည်း အခြေခံဈေးနှုန်း ဖြင့်ဝယ်ယူနိုင်ရေးဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့၏ စပါးဝယ်ယူသည့် အစီ အစဉ်သည် စားသုံးသူနှင့် တောင်သူများ ကိုလည်း အကျိုးရှိစေသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လည်း ကူညီထောက်ပံ့နိုင်ခဲ့သည့်အတွက် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ အခြားတစ်ဖက်ကလည်း လက်ရှိစပါး ဈေးသည် အခြေခံဈေးနှုန်းထက် ပိုမို မြင့်မားလာသည့်အတွက် လုပ်ငန်းစဉ်အောင်မြင်သည်ဟု ယူဆပါကြောင်း ပြောကြားပါသည်။

      ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး စပါးဆန်ဝယ်ယူရေး ကြီးကြပ်မှု လုပ်ငန်းအဖွဲ့ဝင်များက မိုးစပါးဝယ်​ယူရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ဒါစနစ်ဖြင့် ဆန်ပြန်လည်ရောင်းချရေးအတွက် တင်ဒါ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်နိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

မူဝါဒ