Languages

Main menu

သထုံမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

        သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄.၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မင်း က စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူနစ်နာမှုအတွက် တိုင်ကြားနိုင်သည့်အခြေအနေများအားလည်းကောင်း၊ မွန်ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးမျိုးမင်းဦး က အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စားသုံးလျှက်ရှိကြသည့် ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန