Languages

Main menu

ကုန်အညွှန်းအမှတ်အသား ဆောင်ရွက်ပေးနိုင်မှု အခြေအနေ

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် (၂/၂၀၁၉) ညွှန်ကြားချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊ အခန်း(၁၈) ပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သော ကုန်စည်များအပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအား လိုက်နာဆောင်ရွက်သွား နိုင်ရေးတို့အတွက် မွန်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် (၃.၃.၂၀၂၀)ရက်နေ့မှ (၁၁.၃.၂၀၂၀) ရက်နေ့အတွင်း ရေသန့်လုပ်ငန်း(၅)ခု၊ ရှောက်သီးဆေးပြား(၂) ခု ၊ မုန့်လုပ်ငန်း(၁၂)ခု၊ အချိုရည်/ ဂျယ်လီ(၂)ခု၊ ဘာလချောင်ကြော်(၁) ခု စုစုပေါင်းလုပ်ငန်း(၂၂)ခုတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ ပါသည်။စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန