Main menu

“ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိ”

Powered by Drupal

           ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ နေ့စဉ်ဟင်းချက်ပြုတ်ရာတွင် မရှိမဖြစ်ပါဝင်သည့် အခြေခံမီးဖိုချောင်သီနှံတစ်မျိုးဖြစ်ရုံမျှသာမက အာဟာရဓါတ်ပေါကြွယ်ဝပြီးဆေးဖက်ဝင်သည့် သဘာဝဓာတ်စာတစ်မျိုးဖြစ်ပါသည်။ ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိမှုမရှိတော့ဘဲ မုံရွာမှကြက်သွန်များ ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီစျေးနှုန်းအနေဖြင့် ယခင်လတွင် ကြက်သွန်နီ လက်လီစျေးအနေဖြင့် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင် (၆၅၀၀/-)ကျပ် ၊ အလတ် (၁)ပိဿာလျှင် (၅၀၀၀/-) ကျပ် ၊ အသေး(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ်ဖြင့် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုစက်တင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ လက်လီစျေးအနေဖြင့် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင် (၉၀၀၀/-) ကျပ်၊ အလတ်(၁)ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ အသေး(၁)ပိဿာလျှင် (၇၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပြီး ယခင်လ နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ကြက်သွန်ရောင်းချသည့် စျေးသည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)