Main menu

ထုတ်ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူများ အလေးထားစစ်ဆေးသင့်

Powered by Drupal

          ထုတ်ကုန်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူများအနေဖြင့် ထုတ်ကုန်၏အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန် ထုတ်ကုန်အညွှန်းအမှတ်အသားများကို အလေးထား စစ်ဆေးသင့် ပါသည်။

          ထုတ်ကုန်တစ်ခုကို ဝယ်ယူသည့်အခါ ထုတ်ပိုးမှုအပေါ်တွင် ဖော်ပြထားသည့် ထုတ်ကုန် အမည်၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်သူ သို့မဟုတ် ဖြန့်ချိသူ၏ အချက်အလက်များ၊ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်နှင့် အသုံးပြုနည်းများကို စားသုံးသူများက စနစ်တကျ စစ်ဆေးသင့်သည်။

          အထူးသဖြင့် အစားအသောက်များ ဝယ်ယူသုံးစွဲရာတွင် ထုတ်ကုန်၏ သက်တမ်း ကုန်ဆုံးရက်ကို စစ်ဆေးခြင်း၊ ထုတ်ပိုးမှု ပျက်စီးမှုရှိ/မရှိ ကြည့်ရှု့ခြင်းနှင့် ထုတ်ကုန်တွင် ပါဝင်သည့် ပစ္စည်းများကို ဖတ်ရှု့ခြင်းတို့သည် အရေးကြီးသည်။ အလှကုန်နှင့် အခြား ကိုယ်ခန္ဓာသုံးပစ္စည်းများ ဝယ်ယူရာတွင်လည်း ထုတ်ကုန်အညွှန်းပါ အသုံးပြုနည်း၊ သတိပေးချက်များ၊ ထုတ်လုပ်သည့်ရက်နှင့် သက်တမ်းကုန်ဆုံးရက်တို့ကို ဖတ်ရှု့စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲသင့်သည်။

          ထုတ်ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူများအနေဖြင့် မိမိဝယ်ယူသုံးစွဲမည့် ထုတ်ကုန်၏ အချက်အလက်များကို သိရှိနိုင်ရန် အရေးကြီးသည့် အချက်အလက်တစ်ရပ် ဖြစ်သဖြင့်  အညွှန်းအချက်အလက်မပြည့်စုံခြင်း၊ ဖတ်ရှု့၍မရခြင်း (သို့မဟုတ်) မသေချာမရေရာသည့် ထုတ်ကုန် များကို ဝယ်ယူသုံးစွဲရာတွင် အထူးသတိပြုရန် လိုအပ်သည်။

          ထို့ကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်တစ်ခုကို ဝယ်ယူသုံးစွဲသည့်အခါ ဈေးနှုန်း တစ်ခုတည်းကိုသာ ကြည့်ရှု့ခြင်းမပြုဘဲ ထုတ်ကုန်အညွှန်းအမှတ်အသားများကို သေချာဖတ်ရှု့ စစ်ဆေးကာ မိမိနှင့် မိမိ၏မိသားစုအတွက် လုံခြုံစိတ်ချရပြီး အရည်အသွေး ပြည့်မီသည့် ထုတ်ကုန် များကို အထူးအလေးထားရွေးချယ်ဝယ်ယူသုံးစွဲကြရန် လိုအပ်ပါသည်။

DOCA(မန္တလေး)