Main menu

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့မဈေးအတွင်း၌စက်တင်ဘာလ အတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀/၃၀၀၀ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၇၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၄၅၀၀/၅၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက် တစ်ဆယ်ကျပ်သားလျှင် ၆၀၀၀/၇၀၀၀/၈၀၀၀/၁၀၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၅၅၀၀/ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၄၀၀၀/၆၀၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ပလာတူးငခြောက် (အချို) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ပလာတူး(အငံ)ခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ်သားလျှင် ၅၀၀၀/ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ် ဈေးတို့ဖြင့် အသီးသီးရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၆၀၀၀ ကျပ်မှစတင်၍ ၁၀၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသောပုဇွန်ခြောက်မှာ ၁၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များကို အဝယ်လိုက်နေပါသည်။၆၀၀၀/၇၀၀၀ကျပ်အတွင်း ရောင်းချသော ပုဇွန်ခြောက်များလည်း ဝယ်ယူစားသုံးကြကြောင်းဈေးအတွင်းငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)