Main menu

လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေး Talk Show ဆောင်ရွက်ခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီသည် ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ၏ အခွင့်ရေးနှင့်တာဝန်များ၊ စားသုံး သူ ပြည်သူများအပေါ် ကုန်စည် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်ရေးချိုးဖောက်ခံရမှုမရှိစေရေး၊ စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိ စေရေးတို့အတွက်အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင် မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ  ဆောင် ရွက်လျက်ရှိပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေး ဥပဒေပါရည်ရွယ်ချက် များအတိုင်း စားသုံးသူ များ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာ ပေးဟောပြောပွဲများ၊ ဈေးကွက် မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်မရောက်မီ ကုန်စည်များ အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်ရောက်ပြီး ကုန်စည်များအား ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ စားသုံးသူ ပြည်သူ များအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင်နစ်နာမှုများရှိပါကအလွယ်တကူတိုင်ကြားနိုင်သည့် နည်းလမ်း များကိုလည်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)