
၃၀.၉.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ ယူရီးယားဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ အရောင်းဆိုင်များ၏ ယူရီးယားဓာတ်မြေဩဇာရောင်းဈေး သည် ရန်ကုန်အထိုင် ဈေးနှုန်းနှင့် ကွာခြားမှုရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းကွာခြားရခြင်းမှာ ယူရီးယားဓာတ်မြေဩဇာအရောင်းဆိုင်များအနေဖြင့် သယ်ယူစရိတ်၊ အလုပ်သမားခ၊ သိုလှောင်ထိန်းသိမ်းခ၊ အချို့ယူရီးယားအရောင်းဆိုင်များသည် တောင်သူများအား အကြွေး စနစ်ဖြင့် ရောင်းချခြင်းများကြောင့်လည်းကောင်း၊ ယခုလက်ရှိကာလသည် မိုးရာသီသီးနှံများ စိုက်ပျိုးသည့်ကာလဖြစ်သောကြောင့် မြေဩဇာသုံးစွဲမှုအနည်းအများပေါ်မူတည်၍ ရန်ကုန် အထိုင်ဈေးနှုန်းနှင့်ကွာခြားရခြင်းဖြစ်ကြောင်း၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ဦးစံမြ ဓာတ်မြေဩာဇာဆိုင်အား ဓာတ်မြေဩဇာအရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထား သော ဥပဒေများ၊ စည်းကမ်းများနှင့်အညီ ရောင်းချနေမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယူရီးယား 50 kg တစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်းမှာ (၁၂၀၀၀၀) ကျပ်ဖြစ်ပြီး ကျိုက်ထို မြို့နယ်တွင် (၁၂၇၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)
