Main menu

ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်း အေးခဲအစားအစာများအား ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၃.၉.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချလျက်ရှိသော အေးခဲ အစားအစာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိခြင်း ရှိ/မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်း အမှတ်အသားများကို ဥပဒေနှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် လိုအပ်သည့် အသိပညာပေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)