Main menu

 မိုးညိုမြို့မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် သခင်လှရှိန်လမ်းရှိ ဦးဖြိုးဇော်ဇော် မုန့်မျိုးစုံ ရောင်းဝယ်ရေးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိတို့ကို မိုးညိုမြို့နယ် တာဝန်ခံ ဦးမောင်မောင်အေးမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များသိရှိ စေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်အသိပညာပေးပြောကြားခဲ့ပြီး   လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)