Main menu

မြိတ်ဒေသထွက်  အုန်းသီးဂျယ်လီစျေးကွက်အတွင်း ရောင်းအားကောင်း

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင်ထွက်ရှိသည့် အုန်းသီးများကို အခြေခံကုန်ကြမ်းအ ဖြစ်အသုံးပြု၍ ထုတ်လုပ်သည့်အုန်းသီးဂျယ်လီသည် ဒေသထွက်စားသောက်ကုန်တစ်မျိုးအဖြစ် စားသုံးသူများအကြား ရေပန်းစားလျက်ရှိကြောင်း သိရသည်။ အုန်းသီးဂျယ်လီပြုလုပ်ရာတွင် အုန်းသီး နုမှရရှိသည့် အုန်းသားနုနှင့် အုန်းရည်တို့ကိုအဓိကအသုံးပြုကြပြီး ချိုမြိန်သည့်အရသာနှင့် နူးညံ့သော အသားတို့ကြောင့် အချိုပွဲနှင့်အအေးစာအဖြစ် စားသုံးကြသည်။ အချို့ထုတ်လုပ်ရောင်းချသူများသည် အုန်းသီးအရသာထင်ရှားစေရန် အုန်းနို့၊ သကြားနှင့် ဂျယ်လီပြုလုပ်ရာတွင် အသုံးပြုသည့်ပါဝင်ပစ္စည်း များကို သင့်တော်သည့်အချိုးအစားဖြင့် ထည့်သွင်းပြုလုပ်ကြသည်။

          မြိတ်မြို့ပေါ်ရှိအချိုပွဲနှင့် အအေးဆိုင်များ၊ ဒေသထွက်ရောင်းချသည့်နေရာများတွင် အုန်းသီး ဂျယ်လီကို ထုတ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပါသည်။ အုန်းသီးဂျယ်လီ၏စျေးနှုန်းမှာ အုန်းသီး ကုန်ကြမ်းရရှိမှု၊ သကြားနှင့်အခြားပါဝင်ပစ္စည်းများ၏ စျေးနှုန်း၊ ထုတ်ပိုးမှုကုန်ကျစာရိတ်နှင့် ထုတ်လုပ်မှု ပမာဏတို့အပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ အိမ်လုပ်အသေးစားထုတ်ကုန်များနှင့် စီးပွား ဖြစ်ထုတ်လုပ်ထားသည့် ထုတ်ကုန်များအကြားတွင်လည်း စျေးနှုန်းကွာခြားနိုင်သည်။ အုန်းသီးနုကို လတ်လတ်ဆတ်ဆတ်‌ရောင်းချကြသလို အုန်းသီးဂျယ်လီကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြု လုပ်ရောင်းချခြင်းသည် ဒေသခံအသေးစားနှင့်အိမ်တွင်း စားသောက်ကုန်လုပ်ငန်းများအတွက် စျေး ကွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နိုင်သည်။ အုန်းသီးဂျယ်လီကို  ၅၀၀ ဂရမ်ပါ တစ်လုံးလျှင် (၆၅၀၀) ကျပ်၊ ပလတ်စတစ်ဘူးအကြည် တစ်ဘူး (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)