
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက် နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်း ကျောင်းနိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင် လက်မှတ် ခွင့်ပြုထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင် လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူး ရုံးများရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။
(၁.၉.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ခရိုင် ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည့် Wisdom Supermarket Taungoo သို့သွားရောက်၍ မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန် ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ /မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင်ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/ မရှိတို့အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အမည် ပျက်စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထောက် ခံချက်ရှိ/မရှိ၊ ရောင်းချသည့်ကုန်စည်/ ဝန်ဆောင်မှု အုပ်စု ကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ် အရ တားမြစ်/ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ၊ ရောင်းချ နေသောကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/ မဟုတ်၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Wisdom Supermarket Taungoo အနေဖြင့် ကလေးအသုံး အဆောင်ပစ္စည်းများ၊ စာအုပ်စာတမ်းများနှင့်စာရေးကိရိယာများ၊ ဖန်စီ ပစ္စည်းများ၊ အလှကုန်များနှင့် စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ရောင်းချနေ သည်ကိုတွေ့ရှိရသဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးချက်များနှင့် လျှောက်ထားစဉ်က အချက်အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
