Main menu

ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

Powered by Drupal

       ပြည်သူများအနေဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသော ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးရောင်းချမှုများကို စည်းကမ်းတကျဆောင်ရွက်နိုင်ရေးအတွက် ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင်များအား ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၏ လိုင်စင်များ သက်တမ်းတိုးထားရှိမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို စိစစ်ကာ သက်တမ်းကုန်ဆုံးရန် နီးကပ်နေသည့် ဆေးဝါးများအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိမှုရှိ/မရှိကိုလည်း စစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် အရည်အသွေးပြည့်မီ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆေးဝါးများကိုသာ ရောင်းချပေးရန် ဆေးဆိုင်လုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားခဲ့သည်။ ပူးပေါင်းအဖွဲ့မှ ဆေးဝါးရောင်းချသူ များအနေဖြင့် သက်ဆိုင်ရာလိုင်စင်များကို အချိန်မီသက်တမ်းတိုးထားရှိရန်၊ ဆေးဝါးများကို စနစ်တကျ သိုလှောင်ရန် နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်သည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)