Main menu

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၇၂ အထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထား

Powered by Drupal
      UkrAgroConsult သတင်းဌာန၏ အစီရင်ခံစာအရ ဇီဝဒီဇယ်ဆီ (biodiesel) ထုတ်လုပ်မှု အတွက် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအသုံးပြုမှု တိုးတက်လာခြင်းသည် ၂၀၂၆ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို အထောက်အပံ့ဖြစ်စေမည်ဟု မျှော်လင့်ရပြီး ဈေးကွက် အခြေအနေအမျိုးမျိုးအောက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၉ မှ ၁,၁၇၂ ကြား ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

       အဆိုပါခန့်မှန်းချက်တွင် လာမည့်ခုနှစ်အတွက် ဈေးနှုန်းဖြစ်နိုင်ခြေ (၃) မျိုးကို ဖော်ပြထား ပြီး ၎င်းတို့မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၉ ၊ ၁,၀၆၆ နှင့် ၁,၁၇၂ တို့ဖြစ်ကြသည်။ ယခင် နှစ်များနှင့်နှိုင်းယှဉ်ကြည့်ပါက ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၄၂ ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်း ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၁၇ ဖြစ်ကြောင်း ဖော်ပြထားရှိပါသည်။

      စားအုန်းဆီဈေးနှုန်းများကို အထောက်အပံ့ဖြစ်စေမည့် အဓိကအချက်တစ်ချက်မှာ အင်ဒိုနီးရှား ၏ စားအုန်းဆီ အချိုးအစား ၄၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B40) အစီအစဉ်ဖြစ်ပြီး ၎င်းအစီအစဉ် အရ လောင်စာဆီအရောအနှောတွင် ဇီဝဒီဇယ်ဆီပါဝင်မှု ရာခိုင်နှုန်း ၄၀ % ရှိရမည်ဟု သတ်မှတ် ထားသည်။ စားအုန်းဆီ အချိုးအစား ၅၀ % အထိ ပါဝင်သော ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုအတွက် စားအုန်းဆီကို ပိုမိုအသုံးပြုလာခြင်းကြောင့် ပြည်တွင်းဝယ်လိုအား မြင့်တက်လာပြီး၊ အခြားသော အသုံးပြုမှုများနှင့် ပြည်ပတင်ပို့မှုများအတွက် ရရှိနိုင်သော ဆီကုန်ကြမ်းပမာဏကို လျော့နည်းစေ နိုင်ကြောင်း သိရှိရပါသည်။

       ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ဇီဝဒီဇယ်ဆီထုတ်လုပ်မှုအတွက် စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၁၂.၂ % တိုးတက်မြင့်မားလာခဲ့သည်။ ၂၀၂၅ ခုနှစ် အရောက်တွင် နိုင်ငံ၏ ဇီဝဒီဇယ်ဆီထုတ်လုပ်နိုင်စွမ်းပမာဏ (installed capacity) သည် ကီလို လီတာ ၁၉.၁၅ သန်းအထိ ရောက်ရှိခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပေါင်း ၂၆ ခု လည်ပတ်လျက်ရှိသည်။

       ဇီဝဒီဇယ်ဆီ (biodiesel) ထုတ်လုပ်မှုအတွက် စားအုန်းဆီအသုံးပြုမှု မြင့်တက်လာသော် လည်း ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုပမာဏတို့မှာလည်း သိသာထင်ရှားသော ပမာဏအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။
       ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်း စားအုန်းဆီ သုံးစွဲမှုပမာဏသည် ၆.၅၇ % မြင့်တက်လာပြီး တန်ချိန် ၁၄.၃ သန်းအထိ ရှိခဲ့ပါသည်။ ထိုကာလ အတွင်း ပြည်ပတင်ပို့မှုပမာဏမှာလည်း ၁၁.၁ % မြင့်တက်လာကာ တန်ချိန် ၁၉.၂ သန်းအထိရှိခဲ့ ပါသည်။
      စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းအလားအလာများသည် B40၊ B50 အစီအစဉ် အကောင် အထည်ဖော်ဆောင်ရွက်မှုအပြင် အခြားအချက်အလက်များစွာအပေါ်တွင်လည်း မူတည်နေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြိုင်ဘက်စားသုံးဆီများ (ပဲပုပ်ဆီ၊ နေကြာဆီ) ၏ ထုတ်လုပ်မှု ပမာဏ၊ အဓိကတင်သွင်းသည့်နိုင်ငံများမှ ဝယ်လိုအားနှင့် ၎င်းတို့၏ ကုန်သွယ်မှုမူဝါဒ အပြောင်း အလဲများက ဈေးကွက်အခြေအနေအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ အထူးသဖြင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုဆိုင်ရာ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ရေနံစိမ်းနှင့် စားသုံးဆီများအကြား ဈေးနှုန်းဆက်စပ်မှုသည်လည်း အရေးပါသော အချက်တစ်ချက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
      ထို့ပြင် ဇီဝဒီဇယ်ဆီ (biodiesel) ထုတ်လုပ်မှုအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုအတိုင်းအတာ နှင့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ (palm oil) ထုတ်လုပ်မှုအခြေအနေများသည် ‌ဈေးနှုန်းအလား အလာအပေါ် သက်ရောက်နိုင်သည့် အခြားအချက်အလက်များအဖြစ် ပါဝင်ပါသည်။
       ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်း၌ ဇီဝဒီဇယ်ဆီ လိုအပ်ချက်မြင့်တက်လာခြင်း နှင့် ကမ္ဘာ့စားသုံးဆီဈေးကွက်အတွင်း တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းတို့ ပေါင်းစပ်ပါဝင် လာခြင်းက ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း(CPO) ဈေးနှုန်းအပြောင်းအလဲ လမ်းကြောင်းကို ဆုံးဖြတ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါကြောင်း သိရသည်။

Source: Bio Energy Times, September 7, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)