Main menu

“နှမ်းစျေးနှုန်းများမြင့်တက်လျက်ရှိ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သောနွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ဖက်ဆည်မြို့နယ်တွင်(၄၅၅၆၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက ၊ စုစုပေါင်း(၉၈၁၅၃)ဧက စိုက်ပျိုးထားရှိပြီး နွေနှမ်းများအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများ အရသိရှိရပါသည်။ နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ ၊ နှမ်းညို နှင့် နှမ်းနက် မျိုးများကိုစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ် အထိပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း(၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧကမျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၁၀-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ နှမ်းစျေးနှုန်းအနေဖြင့် သြဂုတ်လ ဒုတိယပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၄၅၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင် (၁၃၂၀၀၀/-) ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခု သြဂုတ်လ တတိယပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၅၀၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၄၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများမြင့်တက်လျက်ရှိ ကြောင်း ၊ နှမ်းဆီ ၁ပိဿာလျှင်(၂၀၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၉၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ကြောင်း  တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည် ။ ကုန်သွယ်ရောင်းဝယ်မှု အနေဖြင့် နှမ်းသီးနှံထွက်ပေါ်ချိန်တွင် တောင်သူများမှ နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက် ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။  

DOCA(မန္တလေး)