
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၀.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မကွေးမြို့ပေါ်ရှိ အထူးကုဆေးရုံကြီးများ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် အထူးကုဆေးရုံကြီးများ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ သက်တမ်း လွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင် ထားခြင်းရှိ/မရှိနှင့် ဆေးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများအား စနစ်တကျ စွန့်ပစ်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၃) ပုဒ်မ (၂၆)ပါ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက် များအား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
