
စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၀) ရက်နေ့ ၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့၊စုကြီး ရပ်ကွက်ရှိ ပရိုမက်(စ်)ဖုန်းကာဗာနှင့်ဖုန်းအပိုပစ္စည်း ရောင်းချသည့်လုပ်ငန်း မှ အွန်လိုင်းရောင်းချခွင့် လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိ နှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
