Main menu

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၃/၂၀၂၆) ကျင်းပပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး(၂၅..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်၌ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်၍ ခရိုင်စားသုံး သူရေးရာ ကော်မတီ အစည်း အဝေး(၃/၂၀၂၆)ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ(ကိုယ်စား) ဒုတိယခရိုင်  အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အဖွင့်အမှာစကားပြောကြားရာတွင် ဤအစည်းအဝေးသည် (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးကို သုံးလတစ်ကြိမ် ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အခွင့်အရေးများကို သိရှိအောင် အသိပညာပေး ဆောင်ရွက်နေသကဲ့သို့ လုပ်ငန်းရှင်တွေ့ဆုံခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိ/မရှိစိစစ်ခြင်း၊ ဈေးကွက် စောင့် ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင် တို့အကြားကော်မရှင်နှင့် ကော်မတီ အဆင့် ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးမှု ကြောင့်ပြန်လည်ကုစား ခွင့်ရရှိမှာဖြစ်သောကြောင့် အဖွဲ့ဝင်များမှအလေးထားဝိုင်းဝန်း ဆောင်ရွက်စေလို ကြောင်း ပြောကြား ပါသည်။

          ခရိုင်ကော်မတီအတွင်းရေးမှူး ဦးဝေဠုအောင်က ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်း ခြင်း ၊ အမှာစာများ ဖတ်ကြားခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြခြင်းနှင့် ကော်မတီအဖွဲ့ဝင်များမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်  မိမိတို့ ဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိပါသည်။

DOCA(မကွေး)