
ဗဟိုအစိုးရက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမနှစ်ပတ် (စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ) အတွက် သကြားခွဲတမ်း ၁.၃ သန်းသတ်မှတ်ထားကြောင်းသိရသည်။ လစဉ် ထုတ်ပြန် နေသည့် ခွဲတမ်းသတ်မှတ်ချက်များအစား သကြားစက်ရုံများအတွက် နှစ်ပတ်တစ်ကြိမ် ခွဲတမ်း သတ်မှတ်ချက်များကို အစိုးရက ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်းသိရသည်။
သကြားစက်ရုံများအနေဖြင့် ၎င်းတို့ရရှိသည့် သကြားခွဲတမ်းကို ၇ ရက်အတွင်း သတ်မှတ် နိုင်ရေး မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရက သကြားဈေးနှုန်း မြင့်တက်နေမှုကို စစ်ဆေးရန် အဆင့်ပေါင်းများစွာဆောင်ရွက်နေသော်လည်း သကြားဈေးနှုန်းများသည် တစ်ကီလို လျှင် ၆၀ ရူပီး အထက်ဖြင့် အိန္ဒိယတစ်နိုင်ငံလုံးရှိ လက်လီဈေးကွက်များတွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၏ သကြားပျမ်းမျှလက်လီဈေးနှုန်းသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၌ တစ်ကီလိုလျှင် ၆၄.၂၄ ရူပီး ဖြစ်ပြီး ရက်သတ္တပတ်အစောပိုင်းက ဖြစ်ပေါ်ခဲ့သည့် တစ်ကီလို လျှင် ၆၃.၁၂ ရူပီးထက် ၁.၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနက ထုတ်ပြန် ထားပါသည်။
လက်ရှိသကြားဈေးနှုန်းသည် ယခင်လထက် ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလ တူထက် ၃၈.၆၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
Source: Business Standard, Aug 30, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
