Main menu

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ မြတ်ဧကရီ သဘာဝခေါင်းလျော်ရည်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၁၄.၈.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ပူးပေါင်း၍ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာရှိ မြတ်ဧကရီ သဘာဝခေါင်းလျော်ရည်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြတ်ဧကရီသဘာဝခေါင်းလျော်ရည်လုပ်ငန်းရှင်အား မိမိတို့ထုတ်လုပ်သော ကုန်စည်များအပေါ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်သော သဘာဝခေါင်းလျော်ရည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကိုလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (မွန်)