Main menu

ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်မြို့မှ စားအုန်းဆီကုမ္ပဏီများ ခွဲတမ်းရစားအုန်းဆီများ ရောက်ရှိမှုအား ကြီးကြပ်စစ်ဆေး

Powered by Drupal

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့၊ Kaung Hlyan New Asia ကုမ္ပဏီ၊ We Channel ကုမ္ပဏီနှင့် Mahar phone Let yone ကုမ္ပဏီတို့မှ မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်၊ လက်လီကိုယ်စားလှယ်များထံသို့ (၈.၈.၂၀၂၆) ရက်နေ့တွင် ခွဲတမ်းရစားအုန်းဆီ (၈၇) ပေပါအား မော်တော်ယာဉ်များဖြင့် သယ်ဆောင်ရောက်ရှိခဲ့ပါသည်။

          ထိုသို့ မြို့နယ်အတွက် စားအုန်းဆီခွဲတမ်းရ (၈၇) ပေပါရောက်ရှိမှုအား ဘီးလင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးခေါင်းဆောင် သော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တို့သည် လက်လီကိုယ်စားလှယ်တို့ထံသို့ သတ်မှတ်ခွဲတမ်းအတိုင်း ရောက်ရှိမှုရှိ/မရှိ၊ ခွဲတမ်းရပေပါ ပြည့်/မပြည့်တို့ကို ကြီးကြပ်စစ်ဆေးခဲ့ပြီး စားသုံးသူ ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်ရန်၊ အိမ်ထောင်စုစာရင်းအလိုက် စာအုပ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)