
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်)ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၁၇-၈-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ (၂) ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေအခန်း(၁၀) ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း များ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ ဥပဒေပါ တားမြစ်ချက်များ နှင့် ပြစ်မှု၊ပြစ်ဒဏ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
