Main menu

ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက် ရှိသော နိုင်ငံတစ်ခုဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဒေသတွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ မိုးမြေပဲများကို နေရာအနှံအပြား တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          မြေပဲစိုက်စိုက်ပျိုးရန် အသင့်တော်ဆုံးမြေအမျိုးအစားမှာ နုံးမြေနှင့်သဲမြေတို့ဖြစ်ကြောင်း၊ မြေပဲသီးနှံကို မိုးဦး၌ မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲထက် ဆောင်း မြေပဲကို ပိုမိုစိုက်ပျိုးကြောင်း၊ ကန့်ဘလူခရိုင်၌ (၂၀၂၆-၂၀၂၇)ခုနှစ်တွင် မိုးမြေပဲကို ဧကငါးသောင်း ကျော် စိုက်ပျိုးရန်လျာထားခဲ့ရာ ဧက ခြောက်သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း  ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ အသိပညာပေးလျက်ရှိကြောင်း၊ မိုးမြေပဲစိုက်တောင်သူများသည် မိုးရေကိုသာ အဓိကထား စိုက်ပျိုးရခြင်းကြောင့် ရာသီဥတု ဖောက်ပြန်ပြီး မိုးရေချိန်နည်းလျှင် အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊  ကန့်ဘလူခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန် မြေပဲအပြင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့် နေကြာသီးနှံများလည်း  စိုက်ပျိုးကြောင်း တောင်သူတစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)