
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးရန် ညွှန်ကြားလာသည်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထား လာသည့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ ၂ ရှိ “ Yoon Shwe Yee Aung (ယွန်းရွှေရည်အောင်)” ဖန်စီပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေး များ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)
