Main menu

စက်သုံးဆီအရောင်းဆိုင်များသို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး 

Powered by Drupal

              ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့်မြို့ပေါ်ရှိစက်သုံးဆီဆိုင်များသို့ (၁၇.၇.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                                စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၁၇.၇.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၃၅၀)ကျပ်၊ 95 Octance(၃၄၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၃၃၀၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၄၀၃၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၄၀)ကျပ် ၊ 95 Octance တစ်လီတာလျှင်(၂၅)ကျပ်များကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၁၁၀) ကျပ်ဈေးနှုန်းများတက်ခဲ့ကြောင်းသိရှိရသည်။မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များကိုစက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည် အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

DOCA(မန္တလေး)