Main menu

မြိတ်မြို့ရှိ စားသုံးသူပြည်သူများအားရောင်းချမည့် စားအုန်းဆီများရောက်ရှိလာမှုအား စစ်ဆေးခြင်း

Powered by Drupal

           ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Bhone Lat Yone Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၆)ပေပါကို ယာဥ်မောင်း ဦးကိုကိုအောင်၊ ယာဥ်အမှတ် 7R-8944 (MAN) မော်တော်ယာဥ်ဖြင့်လည်းကောင်း၊  Global Good Pure Group Co,Ltd မှ စားအုန်းဆီ (၈၄) ပေပါအား  ယာဥ်မောင်း ဦးစိန်ကျော်လင်း၊ ယာဉ်အမှတ် 1S-7565(MAN) မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများမှ သွားရောက်စစ် ဆေးခဲ့ပြီး ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၁၈၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)