
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ ၁၅း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၄၃)၊ အမကကျောင်းလမ်း၊ မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကို(ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)လုပ်ငန်း၊ အမှတ်(၃၈)၊ ယုဇနလမ်း၊ ထားဝယ်ကမ်း(၂)ရပ်၊ မြိတ်တောင်ရပ်ကွက်၊ မြိတ်မြို့ရှိ Khin Myat Thu အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း၊ အမှတ်(၁၆၈)၊ ရတနာလမ်း၊ ရွှေပြည်တန်ရပ်ကွက်၊ မြိတ်မြို့ရှိ Kay Kay Online Store အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း စသည့်လုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့်လိုင်စင် လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
