
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ထားဝယ်မြို့၊ Polytechnic University (Dawei) စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏ တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများအပြင် စားသုံးသူတာဝန်များရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ရွေးချယ်ဝယ်ယူသည့် ကုန်စည်များနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပြီး Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
